ခြေဥပြင်ရေး ဦးကိုကိုကြီး ဘာပြောလဲ - BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: 2025-01-27
Просмотров: 94371
"ခုသဘောတူထားတဲ့အချက်တွေ စစ်တပ်က နောင်တစ်ချိန် သဘောမတူတော့ဘူးဆိုရင် အဲဒီချိန်ကျ ကျွန်တော် နှုတ်ဆိတ်နေမှာမဟုတ်ဘူး" ဦးကိုကိုကြီး (ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ)။
နိုင်ငံရေးပါတီတွေနဲ့ စစ်တပ်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ NSPNC တို့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နှစ်ရက်တာဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ ၄၃ ချက်သဘောတူညီမှုရခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ လွှတ်တော်တွေမရှိ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အဓိက ကျသူတွေ ဖမ်းဆီးခံထားရပြီး စစ်တပ်အာဏာသိမ်းထားချိန်မှာ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာက လက်တွေ့ကျပါသလား။ ဦးကိုကိုကြီး စဥ်းစားချက် ဘယ်လိုရှိပါသလဲ။ စစ်တပ်ဘက်က သဘောတူတဲ့ အဲဒီ ၄၃ ချက်က ဘယ်ကာလမှာမှ ပြင်နိုင်မှာပါလဲ။ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ဘီဘီစီ တို့ သီးသန့်မေးမြန်းခန်းမှာ ကြည့်ရှုနားဆင်ပါ။
#ဘီဘီစီမြန်မာပိုင်း
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: