ဝန်ထမ်းများ ‘သက်သာချောင်ချိရေး’ အတွက် ကားပါမစ်ချပေးဟု စီးပွားကူးသန်းဝန်ကြီးဆို
Автор: Hinthar Media
Загружено: 2020-01-09
Просмотров: 73
ဝန်ထမ်းများ ‘သက်သာချောင်ချိရေး’ အတွက် ကားပါမစ်ချပေးဟု စီးပွားကူးသန်းဝန်ကြီးဆို
-------------------
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို ‘ကားပါမစ်’ ချပေးရန် စီစဉ်နေခြင်းသည် ဝန်ထမ်းများ ‘သက်သာချောင်ချိရေး’ အတွက် ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ယနေ့ ပြောကြားလိုက်သည်။
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချရေး အစီအစဉ်နှင့် ပတ်သက်ပြီး ကားအရောင်းစင်တာနှင့် အရောင်းပြခန်းများ ဖွင့်လှစ်ထားသော ကုမ္ပဏီများမှ တာဝန်ရှိသူများကို ဝန်ကြီးဌာနက ယနေ့ ခေါ်ယူရှင်းပြခဲ့သည်။
ကနဦးအနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့်အထက် ဝန်ထမ်းများကို စတင်၍ ကားပါမစ်ပေးမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် လုပ်သက် (၂၅)နှစ်နှင့်အထက် ဝန်ထမ်းကောင်းဆုရ ဝန်ထမ်းများကိုလည်း ဆက်လက် ပေးသွားမည်ဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောသည်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: