“ကျားဖြန့်က ရသမျှ ၅၀% ကို မင်းအောင်လှိုင်ထံ ပေးနေရပါတယ်”
Автор: Htet Aung Kyaw
Загружено: 2025-10-24
Просмотров: 83455
“ကျားဖြန့်က ရသမျှ ၅၀% ကို မင်းအောင်လှိုင်ထံ ပေးနေရပါတယ်”
Steven Sanyu (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)
(၂၄ အောက်တိုဘာ ၂၀၂၅)
“ကျားဖြန့်လုပ်ငန်းက ရသမျှ ၅၀% ကို မင်းအောင်လှိုင်ထံ ပေးနေရပါတယ်၊ ဒီလုပ်ငန်း ရပ်ဆိုင်းရရင် စစ်ကောင်စီကို များစွာထိခိုက်နိုင်ပါတယ်။ ရှီကျီကျန်းကို ထိုင်းကနေ တရုတ်ထံ လွဲပေးလိုက်ရင် ဒီလုပ်ငန်းကို အများကြီးတားဆီးနိုင်မယ်လို့ ယူဆပါတယ်” လို့ ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ Steven Sanyu ကပြောပါတယ်။
ရွှေကုက္ကူ နဲ့ KK Park ရှိ ကျားဖြန့်လုပ်ငန်းတွေရဲ့ အဓိက ပဲ့ကိုင်ရှင် ရှီကျီကျန်းကို ထိုင်းကနေ တရုတ်ထံ လွဲပေးလိုက်ရင် ဘာတွေထူးမလဲ၊ ရွှေကုက္ကူ နဲ့ KK Park ရဲ့ အနာဂတ် ဘာတွေဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
ရှီကျီကျန်း ဆိုတာ ဘယ်သူလဲ...
ရှီကျီကျန်းက ရွှေကုက္ကူ နဲ့ KK Park ဆီ ဘယ်လိုရောက်လာတာလဲ...
ကျားဖြန့်လုပ်ငန်း လုံခြုံရေးတာဝန်ခံ ဗိုလ်ချုပ်သူက သူရသမျှ ကျားဖြန့်ငွေ ၅၀% ကို မင်းအောင်လှိုင်ဆီပေးနေရတယ်ဆိုတာ ဘယ်လို အထောက်အထားရှိသလဲ...
ရှီကျီကျန်းကို ထိုင်းအာဏာပိုင်တွေကနေ တရုတ်အစိုးရထံ လွဲပေးလိုက်ရင် ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်း ရပ်ဆိုင်းသွားနိုင်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
/ burmanewsnetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: