မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်လုပ်ငန်း အမေရိကန် နှိမ်နင်းမည်ကို စစ်တပ်စိုးရိမ်နေ
Автор: Myanmar Now News
Загружено: 2025-12-02
Просмотров: 168134
မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်လုပ်ငန်း အမေရိကန် နှိမ်နင်းမည်ကို စစ်တပ်စိုးရိမ်နေ
…………
မင်းအောင်လှိုင်က ကျားဖြန့်လုပ်ငန်းခွင်တချို့နှင့် သက်သေအထောက်အထားများ ဖျက်ဆီးနေချိန်တွင် KNU က ဖမ်းမိသည့် သက်သေပစ္စည်းများ မပျောက်ပျက်စေရန် ဂရုစိုက်လုပ်ကိုင်နေသည်။
မင်းလက်ပံ ကျားဖြန့်ဂိုဏ်းကို KNU စတင်စီးနင်း ဖြိုခွင်းချိန်မှစ၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်ရုံး၊ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက KNU ကို ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်လာသည်ကို လေ့လာ တွေ့ရှိရသည်။ ထိုသို့တိုက်ခိုက်ခြင်းနောက်ကွယ်တွင် စစ်ကော်မရှင် အကြီးအကျယ် စိုးရိမ်နေသော အကြောင်းတရားများ သေချာပေါက် ရှိနေနိုင်ပါသည်။
ယခုရက်ပိုင်းအတွင်း ဇော်မင်းထွန်းသည် KNU က မြဝတီမြို့ မြန်မာ-ထိုင်း နယ်စပ် သောင်ရင်းမြစ်ဘေးတစ်လျှောက် မင်းလက်ပံ၊ KK Park စသည့် နေရာများတွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းများ လုပ်ဆောင်နေသည် ဟု အကြိမ် ကြိမ် စွပ်စွဲလာပုံမှာ ထိုင်း၊ အမေရိကန်နှင့် နိုင်ငံတကာတို့ သိရှိထားသော ဖြစ်ရပ်မှန်များနှင့် များစွာကွဲလွဲနေသည်။ KNU ကို တရားခံအဖြစ် ထိုးချနေခြင်းပင်။
ဇော်မင်းထွန်း၏ အပြုအမူများက မင်းလက်ပံအပါအဝင် မြဝတီမြို့တစ်ခုလုံးရှိ ကျားဖြန့်ဂိုဏ်းများအားလုံးကို အမေရိကန်၏ SCSF က အင်အားသုံး တိုက်ရိုက်ဖြိုခွင်းနှိမ်နင်းပေးရန် KNU က ဖိတ်ခေါ်ကြိုဆိုနေခြင်းကြောင့် ဖြစ်သည်။ အမေရိကန် ကိုယ်ထိလက်ရောက် ပါဝင်လာမည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် မည်မျှစိုးရိမ်နေကြောင်း ဇော်မင်းထွန်း အပြုအမူများက ပေါ်လွင်ထင်ရှားလျက် ရှိသည်။
အာဏာသိမ်းစစ်တပ်နှင့် မင်းအောင်လှိုင် စိုးရိမ်မည်ဆိုလည်း စိုးရိမ်လောက်ပေသည်။ သမ္မတထရမ့်သည် မှန်းဆရ အခက်ခဲဆုံး အမေရိကန်သမ္မတတစ်ဦးအဖြစ် ထင်ရှားပြီး၊ မည်သူမျှ ထင်မှတ်မထားသော တောင်အမေရိကတိုက် ဗင်နီဇွဲလားနိုင်ငံသမ္မတကိုယ်တိုင် ပါဝင်ပတ်သက်နေသည့် မူးယစ်ဆေးဝါးဂိုဏ်းများကို ပစ်မှတ်ထား၍ စစ်ရေး အရ နှိမ်နင်းရန်အထိ ပြင်ဆင်နေသည် မဟုတ်ပါလား။
မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်နှိမ်နင်းမှုသည် မြန်မာ-တရုတ်နယ်စပ် ကျားဖြန့်နှိမ်နင်းမှုနှင့် ကွာခြားပြီး၊ တရုတ် လူမျိုးများ အဓိက လုပ်ကိုင်နေသော ကျားဖြန့်ဂိုဏ်းများက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလာခြင်းက အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ် ရိုက်ခတ်မှုရှိမရှိ၊ တရုတ်၏ ထောက်ခံမှုနှင့်အကာအကွယ်ရရှိထားသော မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်းကို သစ္စာခံထားသော ကရင်လက်နက်ကိုင်တပ်များဖြစ်သည့် BGF နှင့် DKBA တို့၏ ကျားဖြန့်ငွေလိမ်လုပ်ငန်းများမှ အကျိုးအမြတ်ရရှိနေခြင်းအပေါ် တရုတ်နှင့်မတူသော အမေရိကန်၏ တုံ့ပြန်ဆောင်ရွက်မှုများ မည်သို့ရှိလာနိုင်သည်ကို စောင့်ကြည့်လေ့လာရန် လိုပါသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာရာဇဝတ်မှုကြီးများဖြစ်သည့် ဘိန်းဖြူနှင့် မက်သဖက်သမင်း မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ဖြန့်ဖြူးရာ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်နေခြင်း၊ ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းကို စစ်တပ်သစ္စာခံ လက်နက်ကိုင်တပ်ဖွဲ့များက နေရာထိုင်ခင်းနှင့် လုံခြုံရေး ပေးနေခြင်း၊ ထိုရာဇဝတ်စီးပွားရေးတွင် ရရှိသော ဒေါ်လာဘီလီယံပေါင်းများစွာထဲမှ စစ်ခေါင်းဆောင်များ အကျိုးအမြတ်ရရှိခံစားနေခြင်းတို့ကို အဆုံးသတ်နိုင်ရေးမှာ စစ်တပ်ကြီးစိုးချုပ်ကိုင်နေသော နိုင်ငံရေးစနစ်တစ်ခုလုံးကို အမြစ်လှန် ဖြိုချနိုင်မှ ရပေလိမ့်မည်။ အကြောင်းမှာ စစ်တပ်ကိုယ်တိုင် ရာဇဝတ် ဂိုဏ်းတစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
'သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။
-------------------------------------------
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: