ရန်ကုန်ရဲ့ သင်္ကြန်အကြို | People's Spring
Автор: People's Spring
Загружено: 2025-04-13
Просмотров: 98892
ရန်ကုန်ရဲ့ သင်္ကြန်အကြို
ဧပြီ ၁၃၊၂၀၂၅။ရောင်နီ/People's Spring
သင်္ကြန်အကြိုနေ့မှာတော့ ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ ကားတွေရှင်းနေပါတယ်။ အရင်ကဆိုရင် သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲတွေကို အကြိုနေ့ ညနေမှာ ပြုလုပ်ပြီး ရေကစားပွဲကို စတင်လေ့ရှိတာပါ။
ဒီနှစ်မှာတော့ ရန်ကုန်မြို့မှာ မနက်ပိုင်းကမိုးရွာခဲ့သလို ညနေပိုင်းမှာလည်း ကားတွေအရင်ထက်ကို ရှင်းလင်းနေခဲ့ပါတယ်။
YBS လိုင်းတွေလည်း ရပ်နားထားတဲ့ လိုင်းတွေများတာကြောင့် ခရီးသည်တွေက ကားစောင့်ရတာအချိန်ပေးရတယ်လို့လည်း ပြောပါတယ်။
လမ်းမတွေပေါ်မှာ သင်္ကြန်ရဲ့ အငွေ့အသက်တွေ မမြင်ရပေမယ့် ရန်ကုန်မြိုရဲ့ ရပ်ကွက်တွေထဲမှာတော့ ရေကစားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနှစ်မှာ စစ်ကောင်စီက မြို့တော်ဝန်မဏ္ဍပ်အပါအဝင် လမ်းလျှောက်သင်္ကြန်တွေ ပြင်ဆင်ခဲ့ပါသေးတယ်။
မတ်လ၂၈ ရက်က ငလျင်လှုပ်ခတ်ခဲ့ချိန်မှာ လူတွေထောင်နဲ့ချီသေဆုံးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲနေရချိန် သင်္ကြန်ပွဲကိုအပျော်အပါး တွေမပါပဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ ကျင်းပမယ်လို့ ဧပြီ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်ခေါင်းဆောင် ထိုင်းနိုင်ငံခရီးစဉ်က ပြန်လာချိန် မတ်လ ၆ ရက်မှာတော့ မဏ္ဍပ်တွေကို စဖျက်ခဲ့တာပါ။
ပြည်သူ့ရင်ပြင်ဝန်းထဲမှာတော့ ဖျော်ဖြေရေးမဏ္ဍပ်ကို ဆက်မဆောက်ဘဲထားပြီး ရေကစားမဏ္ဍပ်တွေကိုတော့ ပြန်ဖျက်ကာ စတုဒီသာကျွေးမယ့်နေရာတွေလည်းပြင်ဆင်ထားတာ တွေ့ရပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: