YUPT ဘတ်စ်ကား ကုမ္ပဏီရဲ့ ဒါရိုက်တာ ရွေးချယ်ပွဲ ပြုလုပ်
Автор: 7Day TV
Загружено: 30 нояб. 2019 г.
Просмотров: 238 просмотров
နိုဝင်ဘာ - ၂၉ ၊၂၀၁၉
ရန်ကုန်တိုင်း အစိုးရ ရှယ်ယာထည့်ဝင်ထားတဲ့ YUPT အများပိုင် ဘတ်စ်ကား ကုမ္ပဏီရဲ့ ဒါရိုက်တာ ရွေးချယ်ပွဲကို ရွေးကောက်ပွဲ စနစ်နဲ့ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
YUPT ကုမ္ပဏီမှာ ရှယ်ယာထည့်ဝင်ထားတဲ့ ရှယ်ယာရှင် နှစ်ရာကျော်က အဆိုပြုထားတဲ့ ကိုယ်စားလှယ်လောင်း ခုနစ်ဦးထဲက ငါးဦးကို မဲပေးရွေးချယ်ရတာပါ။
YUPTကုမ္ပဏီမှာ အစိုးရက ရှယ်ယာ ၈၆ရာခိုင်နှုန်း ထည့်ဝင်ထားပြီး ကျန်တဲ့ ရှယ်ယာတွေကိုတော့ ရှယ်ယာရှင် နှစ်ရာကျော်က ထည့်ဝင်ထားတာဖြစ်ပါတယ်။
ကုမ္ပဏီ ရဲ့ဒါရိုက်တာ အဖွဲ့ကိုတော့ ကိုဦးနဲ့ဖွဲ့စည်းထားပြီး အစိုးရက ခန့်ထားတဲ့ ဒါရိုက်တာ လေးဦး ၊ ရှယ်ယာရှင်တွေက ရွေးချယ် တဲ့ ဒါရိုက်တာငါးဦးပါဝင်တာပါ။
ဒီကနေ့ ပြုလုပ်တဲ့ ဒါရိုက်တာရွေးချယ်ပွဲကတော့ ရှယ်ယာရှင် တွေရွေးချယ်မယ့် ဒါရိုက်တာ ငါးဦး အတွက် ဖြစ်ပါတယ် ။
ရှယ်ယာရှင်တွေ ရွေးချယ်လိုက်တဲ့ ဒါရိုက်တာ ငါးဦးကိုလည်း အစိုးရထံ တင်ပြသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTAရဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က အခုလိုပြောပါတယ်။
ဒီနေ့ ရွေးချယ်လိုက်တဲ့ ဒါရိုက်တာအသစ်တွေထဲမှာ အရင်က ဒါရိုက်တာ အဖွဲ့ဝင် လေးဦးလည်း ပြန်လည် ပါဝင်လာပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလလကုန်ပိုင်းကပြုလုပ်တဲ့YUPTရဲ့နှစ်ပတ်လည်အစည်းအဝေးမှာဒါရိုက်တာအဖွဲ့ဝင်တွေ ပြန်ရွေးပေးဖို့၊ ကုမ္ပဏီ ဥက္ကဌ နုတ်ထွက်ပေးဖို့၊ ရှယ်ယာအမြတ်ငွေတွေကို ခွဲဝေပေးဖို့ ရှယ်ယာရှင်တွေက တောင်းဆိုခဲ့တာပါ။
အဲဒီလို ဖြစ်စဉ်အပြီး တစ်လအကြာမှာ အခုလို ဒါရိုက်တာ ရွေးပွဲကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဒါရိုက်တာရွေးပွဲနဲ့အတူ ရှယ်ယာပြန်ရောင်းလို ရှယ်ယာရှင်တွေရဲ့ သဘောဆန္ဒကိုလည်း ကောက်ယူနေပါတယ်။
ရှယ်ယာရှင် အများစုက ရှယ်ယာရောင်းဖို့ ဆန္ဒရှိကြပြီး ဒီအပေါ် အစိုးရက ဘယ်လိုစီမံ ကိုင်တွယ်မယ်ဆိုတာ ကိုတော့ မသိရသေးပါဘူး။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်
Subscribe to our channel at https://bit.ly/2CVSP6d
Check out our website: http://www.7daydaily.com/
Connect with us at our social media handles:
Facebook: / 7dayonlinetv
Twitter: / 7day_tv

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: