Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

ထူးခြားထင်ရှားသော သမားတော်ကြီး ဆရာဇီဝက ဘဝအကြောင်း

Автор: Lamin Thortar

Загружено: 2024-10-27

Просмотров: 5991

Описание:

ဇီဝကသည် ဂေါတမမြတ်စွာဘုရားသခင် လက်ထက်က ထင်ရှားကျော်စောသော သမားတော်ကြီးဖြစ်သည်။ ရာဇဂြိုဟ်ပြည်တွင် တိုင်းပြည်သာယာစေရန် သာလဝတီမည်သော အဆင်းအင်္ဂါနှင့် ပြည့်စုံသည့် အမျိုးသမီးကို ပြည့်တန်ဆာပြု၍ထား၏။ ဇီဝကသည် ထိုပြည့်တန်ဆာမသားဖြစ်၏။ ပြည့်တန်ဆာမသာလဝတီထံ ဗိမ္ဗိသာရမင်းကြီး၏သားတော် အဘယမင်းသား ဝင်ထွက် ပျော်ပါးရာမှ ဇီဝကကို သန္ဓေတည်သည်ဟု ဇိနတ္ထပကာသနီကျမ်းကဆိုသည်။ ဖွားမြင်သောအခါ အမိပြည့်တန်ဆာမသည် သားငယ်ကို မြို့ပြင်တွင်စွန့်ပစ်၏။ ယင်းသို့စွန့်ပစ်ခံရသော သူငယ်ကို အဘယမင်းသားကပင် တွေ့ရှိ၍ ကောက်ယူကျွေးမွေး၏။ တွေ့ရှိစဉ်က 'အသက်ရှိသေးသလော'ဟု မေးဖူးသည်ကို စွဲ၍၊ 'ဇီဝက'ဟု အမည်တွင်သည်ဆို၏။ အဘယမင်းသားက ကောက်ယူ ကျွေးမွေးခြင်းကြောင့်လည်း 'ကောမာရဘစ္စ'ဟု တွင်သေးသည်။

ဇီဝကသည် အရွယ်ရောက်သော် မိမိ၏အဖြစ်မှန်ကို သိရှိ၍၊ အဘယမင်းသားထံ ခွင့်မပန်ဘဲ၊ တက္ကသိုလ်ပြည်သို့ သွားရောက်၍ ဆေးပညာအတတ်ကိုသင်ယူသည်။ ဇီဝကသည် နောင်အခါတွင် ဘုရားရှင်၏အလုပ်အကျွေးဖြစ်အံ့သည်ကို သိကြားမင်းသည်သိ၍၊ ဒိသာပါမောက္ခဆရာထံတွင် ကပ်မှီ၍ အတတ်ကို သင်လာ‌စေရန်ဖန်တီး၏။ သူတစ်ပါးတို့ ၁၆ နှစ်တိုင်တိုင် သင်ရသော အတတ်ကို ဇီဝကသည် ၇ လဖြင့် ကုန်စင်အောင်တတ်၏။ ဆေးအတတ်ပညာကို သင်ကြားတတ်မြောက်ပြီးသောအခါ၊ ဇီဝကသည် ကံကုန်သောအနာမှတပါး ကြွင်းသမျှသော အနာရောဂါတို့ကို တစ်ကြိမ်ဆေးပေးကာမျှဖြင့် ပျောက်ကင်းစေနိုင်သည်။ ထို့နောက် ဒိသာပါမောက္ခဆရာ၏ ခွင့်ပြုချက်အရ ရာဇဂြိုဟ်ပြည်သို့ ပြန်လာရာ၊ လမ်းခရီးတွင် ဇီဝကသည် သာကေတပြည် သူဌေးကတော်တစ်ဦး၏ ဦးယဉ်းခေါင်းခဲနာကို ကုသ၍ ပျောက်ကင်းစေသဖြင့် ဆုလာဘ်များစွာရ၏။ ရာဇဂြိုဟ်ပြည်ရောက်သည်တွင် အဘယမင်းသားထံတွင်ပင်နေ၏။ ထိုအချိန်တွင် ဗိမ္မိသာရမင်းကြီးတွင် စွဲကပ်လျက်ရှိသော မြင်းသရိုက်နာကို တစ်ကြိမ်ဆေးပေးကာမျှနှင့် ပျောက်ကင်းစေ၏။ မင်းကြီးက ဆေးဖိုးအဖြစ် ဆုလာဘ်များစွာပေးရာ၊ ဇီဝက က ငြင်းပယ်သည်။ မင်းကြီးသည် 'ဇီဝက၊ ငါ့ကိုလည်း‌ကောင်း၊ မောင်းမ မိဿံတို့ကိုလည်းကောင်း၊ ဘုရားအမှူးရှိသော သံဃာတော်တို့ကိုလည်းကောင်း ဆေးဖြင့် ကုသလုပ်ကျွေးပါလော့'ဟု အမိန့်ရှိသည်။ ဇီဝက ကလည်း ကောင်းပြီဟု ဝန်ခံသည်။

ရာဇဂြိုဟ်ပြည်၏ မြောက်မျက်နှာနေ မဟာသာလသူဌေး သည် ၇ နှစ်တိုင်တိုင် ဦးယဉ်းခေါင်းခဲနာ စွဲကပ်လျက်ရှိရာ၊ ဆရာဇီဝကသည် သူဌေးကြီးအား အိပ်ပျော်စေပြီးလျှင် ဦးခေါင်းကိုခွဲစိပ်မှုပြု၍၊ ဦးနှောက်ကို စားလျက်ရှိသော ပိုး ၂ ကောင်ကို ထုတ်ယူခြင်းဖြင့် ရောဂါပျောက်ကင်းစေ၏။ ထိုနောက် ဗာရာဏသီပြည်ရှိ သူဌေးသားတစ်ယောက်၏ အူထုံးသော ရောဂါကိုလည်း ဇီဝကသည် မူးမေ့စေသော ဆေးကိုပေးပြီးမှ ဝမ်းကိုခွဲ၍ အူထုံးကို ဖြေလေသည်။

ထို့ပြင် စမ္ပာနဂိုရ်ပြည်ကိုအစိုးရသော စန္ဒပဇ္ဇောတမင်းသည် မစားနိုင်မသောက်နိုင်၊ ဖျော့တော့သောဝေဒနာ စွဲကပ်လေရာ၊ ဆရာဇီဝက၏ ကုသမှုကြောင့်ပင် ရောဂါမှာ အရှင်းပျောက်ကင်း‌လေ၏။ ထိုမင်းက သိဝိရာဇ်တိုင်းဖြစ် အဖိုးများစွာထိုက်တန်သော ဗြောင်ပုဆိုးတစ်စုံ (သို့) သင်းပိုင်တစ်စုံကို ဇီဝကအား ပေး၏။ ဇီဝက လည်း ကောင်းစွာသိမ်းဆည်းထား၏။

တခါသော်၊ ဘုရားရှင်သည် ကိုယ်တော်၌ ခက်တရော်ထူပြောသော စမြင်းကိုက်ခဲမှုရှိရကား၊ အရှင်အာနန္ဒာကိုခေါ်၍ ဝမ်း‌လျှောဆေး သုံးတော်မူလိုကြောင်းမိန့်၏။ ရှင်အာနန္ဒာလည်း ဆရာဇီဝကထံသို့ကြွ၍ 'အချင်းဇီဝက လောကသနင်းသည် စမြင်းဒေါသထူပြောသည်ဖြစ်၍ ဝမ်းလျှောဆေး သုံးတော်မူလိုသည်'ဟု ဆိုသည်တွင် ဇီဝကလည်း ကြာသုံးလက်တွင် အထူးထူးသော ဆေးကို ထုံစေပြီးလျှင်၊ ဘုရားရှင်အားကပ်၏။ ထိုကြာသုံးလက်ကို နမ်းတော်မူခြင်းဖြင့် ဝမ်းလျှောစေ၏။

ဘုရားရှင်သည် ဝေဒနာမှသက်သာလာသောအခါ၊ သောဏသူဌေး၏ ဆွမ်းကို ဘုဉ်းပေးတော်မူ၏။ ဘုရားရှင် ဆွမ်းဘုဉ်းပေးပြီးသောအခါ၊ ဇီဝကသည် သိဝိရာဇ်တိုင်းဖြစ် ဗြောင်ပုဆိုးတစ်စုံ (သို့) သင်းပိုင်တစ်စုံကို ဘုရားရှင်အားကပ်ပြီးလျှင် 'အရှင်ဘုရား၊ ဤပုဆိုးအစုံပါတည်း။ ဤပုဆိုးအစုံကိုလည်း ဝတ်ရုံသုံးဆောင်ရန် အလှူခံတော်မူပါ။ တပည့်သံဃာတို့မှာလည်း ပံ့သကူသင်္ကန်းကိုသာ ဆောင်ကြရ၍ နွမ်းနယ်လှပါသည်။ ဒါယကာတို့ ကုသိုလ် ဖြစ်စိမ့်သောငှာ ခွင့်ပြုတော်မူပါ'ဟု လျှောက်၏။ ဘုရားရှင်သည် ဇီဝကလှူသော ပုဆိုးအစုံကိုလည်း ခံတော်မူ၏။ တပည့်သား သံဃာတော်တို့အားလည်း ဇီဝကလျှောက်ထားချက်အတိုင်း ဂဟပတိစီဝရကို ခွင့်ပြုတော်မူလေသည်။

ဆရာဇီဝကသည် ဆေးကုခြင်းအရာ၌ အလွန်ကျော်ဇောသဖြင့် မအားမလပ်နိုင်အောင်ရှိသည်။ သို့သော် ဘုရားရှင်နှင့် သံဃာတော်တို့အား ပြုမြဲသောဝတ္တရားကိုမူ မပျက်ခဲ့ချေ။ ဆရာဇီဝကထံ ဆေးဝါးကုသလိုသော်လည်း၊ ဆေးဖိုးကြေးငွေမတတ်နိုင်သော သူတို့သည် ဆေးကုသခံလိုမှုကြောင့် သာသနာ့ဘောင်သို့ ဝင်၍ ရဟန်းပြုကြသည်။ ထိုသို့ဆေးကုသခံလိုမှု သက်သက်ကြောင့် သာသနာ့ဘောင်သို့ဝင်ကြသည်ကို ဇီဝကသိရှိသည်တွင် အနာကြီးငါးမျိုးစွဲကပ်သူတို့အား ရဟန်းပြုခြင်းမှ တားမြစ်ပေးရန် ဘုရားရှင်အားလျှောက်ထား၏။ ဘုရားရှင်လည်း ပညတ်တော်မူ၏။

ဘုရားရှင်၏ တပည့်သားအပေါင်းတွင် ဇီဝကသည် လူချစ်လူခင် အပေါများဆုံး၊ ကြည်ညိုသူ အများဆုံးဖြစ်သဖြင့် 'ကုလပ္ပသာဒက'တည်းဟူသော ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းရလေသည်။

Wikiwand

ထူးခြားထင်ရှားသော သမားတော်ကြီး ဆရာဇီဝက ဘဝအကြောင်း

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

သမားတော်ကြီး ဆရာ ဇီဝက အကြောင်း တရားတော် ပါမောက္ခချုပ်ဆရာတော်

သမားတော်ကြီး ဆရာ ဇီဝက အကြောင်း တရားတော် ပါမောက္ခချုပ်ဆရာတော်

Junta Soldiers Attacked After PDFs Stop Vehicle and Call Them Out

Junta Soldiers Attacked After PDFs Stop Vehicle and Call Them Out

သေဆုံးခြင်း လေးမျိုးနှင့် ပရလောကသို့ ကူးပြောင်ခြင်းအကြောင်း တရားတော်

သေဆုံးခြင်း လေးမျိုးနှင့် ပရလောကသို့ ကူးပြောင်ခြင်းအကြောင်း တရားတော်

တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦး အကြောင်း

တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦး အကြောင်း

ရွှေအမှတ်တရဗုဒ္ဓဂယာဘုရားဖူးအဖွဲ့၏4oct2025 မှ 15oct 2025(12)ရက်ဘုရားဖူးခရီးစဉ်မှတ်တမ်း(ဒုတိယပိုင်း)

ရွှေအမှတ်တရဗုဒ္ဓဂယာဘုရားဖူးအဖွဲ့၏4oct2025 မှ 15oct 2025(12)ရက်ဘုရားဖူးခရီးစဉ်မှတ်တမ်း(ဒုတိယပိုင်း)

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားသော ထင်ရှားသည့် ဗုဒ္ဓဥပါသကာ ဇီဝက အကြောင်း တရားတော်

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားသော ထင်ရှားသည့် ဗုဒ္ဓဥပါသကာ ဇီဝက အကြောင်း တရားတော်

Midday Update: Chin Resistance Seizes Hill Camps as Escaped Prison Officers Face Arrest in Thailand

Midday Update: Chin Resistance Seizes Hill Camps as Escaped Prison Officers Face Arrest in Thailand

မြတ်ဗုဒ္ဓ နှင့် အဘယမင်းသား _ ါမောက္ခချုပ်ဆရာတော်

မြတ်ဗုဒ္ဓ နှင့် အဘယမင်းသား _ ါမောက္ခချုပ်ဆရာတော်

ဘုရားရှင်၏ သမားတော်ကြီး ဇီဝက အပိုင်း(၁)

ဘုရားရှင်၏ သမားတော်ကြီး ဇီဝက အပိုင်း(၁)

ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတဲ့ ငရဲပြည်ကယမမင်းကြီးရဲ့ ဘ၀ဇာတ်ကြောင်းတရားတော်

ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတဲ့ ငရဲပြည်ကယမမင်းကြီးရဲ့ ဘ၀ဇာတ်ကြောင်းတရားတော်

ကဏှဇာတ်တော် - သီတဂူဆရာတော် ဒေါက်တာ အရှင်​ဉာဏိဿရ

ကဏှဇာတ်တော် - သီတဂူဆရာတော် ဒေါက်တာ အရှင်​ဉာဏိဿရ

အိမ်မှာနေရင်း တရားရှုမှတ်နည်း တရားတော်သစ္စာရွှေစည် ဆရာတော်ဘုရားကြီး

အိမ်မှာနေရင်း တရားရှုမှတ်နည်း တရားတော်သစ္စာရွှေစည် ဆရာတော်ဘုရားကြီး

မြတ်စွာဘုရားရဲ့ ဘဝဖြစ်စဉ် နှင့် အရှင်​​မေဃိယ တရားတော် သီတဂူဆရာတော်ဘုရားကြီး ၂၃.၁၀.၂၀၁၉ ည

မြတ်စွာဘုရားရဲ့ ဘဝဖြစ်စဉ် နှင့် အရှင်​​မေဃိယ တရားတော် သီတဂူဆရာတော်ဘုရားကြီး ၂၃.၁၀.၂၀၁၉ ည

စိတ်ကိုငြိမ်းအေးစေသောဝင်လေထွက်လေရှုမှတ်နည်းတရားတော်(ပါမောက္ခချုပ်ဆရာတော်ဘုရားကြိး)

စိတ်ကိုငြိမ်းအေးစေသောဝင်လေထွက်လေရှုမှတ်နည်းတရားတော်(ပါမောက္ခချုပ်ဆရာတော်ဘုရားကြိး)

ဇီဝက၏ အထုပ္ပတ္တိ တရားတော် သီတဂူဆရာတော်ဘုရားကြီး ၂၃.၁၁.၂၀၁၇

ဇီဝက၏ အထုပ္ပတ္တိ တရားတော် သီတဂူဆရာတော်ဘုရားကြီး ၂၃.၁၁.၂၀၁၇

ပါမောက္ခချုပ်ဆရာတော် ဟောကြားတော်မူသော ရင်ထဲက စိတ်စွဲလမ်းမှုများကို ပယ်ဖျောက်နည်း တရားတော်

ပါမောက္ခချုပ်ဆရာတော် ဟောကြားတော်မူသော ရင်ထဲက စိတ်စွဲလမ်းမှုများကို ပယ်ဖျောက်နည်း တရားတော်

မိုးကုတ်ဆရာတော်ဘုရားကြီး၏ကာယမီမံအလုပ်ပေးတရားတော်#မိုးကုတ်တရားတော်များ #dhammatalk #ဓမ္မတရားတော်များ

မိုးကုတ်ဆရာတော်ဘုရားကြီး၏ကာယမီမံအလုပ်ပေးတရားတော်#မိုးကုတ်တရားတော်များ #dhammatalk #ဓမ္မတရားတော်များ

ပါချုပ်ဆရာတော်ဘုရားကြီး တရားတော်များ နဂါး အကြောင်း တရားတော်

ပါချုပ်ဆရာတော်ဘုရားကြီး တရားတော်များ နဂါး အကြောင်း တရားတော်

လက်ရှိဘဒ္ဒကမ္ဘာနဲ့  ကမ္ဘာဦးက ကြာဖူးကြီး ၅ ခု အကြောင်း

လက်ရှိဘဒ္ဒကမ္ဘာနဲ့ ကမ္ဘာဦးက ကြာဖူးကြီး ၅ ခု အကြောင်း

လူတွေ ဘာလို့မချမ်းသာလဲဆိုရင်  ချမ်းသာရခြင်းရဲ့ အကြောင်းကို သေချာမသိကြလို့ဖြစ်တယ်

လူတွေ ဘာလို့မချမ်းသာလဲဆိုရင် ချမ်းသာရခြင်းရဲ့ အကြောင်းကို သေချာမသိကြလို့ဖြစ်တယ်

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: infodtube@gmail.com