Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Автор: Khit Thit Media
Загружено: 2023-12-28
Просмотров: 767107
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၃၂၄ တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို တအန်းတပ်မတော် TNLA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး နမ္မတူမြို့ နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထား ပါတယ်။
ရခိုင်ပြည်နယ်က မြောက်ဦးခရိုင်ရဲစခန်းကို ရခိုင့်တပ်တော် AA က သိမ်းပိုက်ပြီးတဲ့နောက် မြောက်ဦး-မြောင်းဘွေ ရဲစခန်းကို ဒီကနေ့မနက်ပိုင်းမှာပဲ ထပ်မံ တိုက်ခိုက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်းက ပခုက္ကူမြို့ အခြေစိုက် အမှတ် ၁၀၁ ခြေမြန် တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုကနေ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: