မိုးရွာ၊ ရေကြီး၊ မြေပြိုခြင်း ဖြစ်စဉ်တွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အကြံပြုချက်တွေ
Автор: Mandalay Free Press - MFP
Загружено: 2025-06-07
Просмотров: 256
မေလလယ်ကနေ အောက်တိုဘာလအထိဟာ မြန်မာနိုင်ငံရဲ့ မိုးရာသီကာလ ဖြစ်ပါတယ်။ မိုးရာသီမှာ မိုးရွာတာ၊ ရေကြီး ရေလျှံတာ၊ မိုးသက်မုန်တိုင်းကျတာ၊ မြေပြိုတာတွေ ဖြစ်ပွားလေ့ရှိပါတယ်။
အထူးသဖြင့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးတိုင်းက ဒေသအချို့မှာ မြေသား အက်ကွဲတာနဲ့ မြေသား ပျော့ပြောင်းလာတဲ့ ဖြစ်စဉ်တွေ ရှိပြီး အဲ့ဒီ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မြေပြိုခြင်း အန္တရာယ်တွေကို ဒီမိုးရာသီကာလမှာ ပိုပြီး သတိထားဖို့ လိုပါတယ်။
ရေကြီး ရေလျှံခြင်းနဲ့ မြေပြိုခြင်း အန္တရာယ်တွေအတွက် ဘယ်လို ကြိုတင်ပြင်ဆင်ရမလဲဆိုတဲ့ အကြံပြုချက် တချို့ကို ဝေမျှလိုက်ပါတယ်။
ဒါတွေကို ကြိုတင်ပြင်ဆင်ပါ။
ဒီကာလမှာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကနေ ထုတ်ပြန်တဲ့ မုန်တိုင်း သတိပေးချက်တွေ၊ မိုးသဲထန်စွာ ရွာသွန်းတာကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ရေကြီး ရေလျှံတာ၊ မြေပြိုတာ စတဲ့ အန္တရာယ်ဆိုင်ရာ သိပေးချက်တွေကို ဂရုပြုစောင့်ကြည့်ပါ။
ရေလွှမ်းနိုင်ခြေရှိတဲ့ မြေနိမ့်နေရာတွေ၊ မြေပြိုနိုင်ခြေရှိတဲ့ တောင်ပေါ်ဒေသတွေနဲ့ မြစ်ချောင်း အနီးဝန်းကျင် တလျှောက် နေထိုင်ပါက ဘေးကင်းလုံခြုံရာနေရာကို ချက်ချင်းရွှေ့ပြောင်းနေထိုင်ပါ။
အရေးကြီး စာရွက်စာတမ်း၊ ဆေးဝါးနဲ့ ပစ္စည်းတွေကို ရေစိုခံအိတ်နဲ့ ထည့်ပြီး ကိုယ်နှင့်မကွာ ဆောင်ထားပါ။
ဓာတ်မီး၊ အားသွင်းဘက်ထရီတွေနဲ့ တာရှည်ခံ အစားအစားတွေကို အရေးပေါ်အခြေအနေမှာ တပါတည်း ယူဆောင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။
ရေလွှမ်းမိုးထားတဲ့ နေရာတွေ၊ မြစ်ဘေး ချောင်းဘေး နေရာတွေနဲ့ မြေပြိုနိုင်တဲ့ တောင်ပေါ်ဒေသတွေကို ဖြတ်သန်း သွားလာတာ၊ ခရီးသွားတာမျိုး ရှောင်ကြဉ်ပါ။ မြစ်တွေ ချောင်းတွေမှာ ရေဆင်းကူးတာမျိုးလည်း ဒီကာလမှာ အထူးသတိပြု ရှောင်ကြဉ်ပါ။
မြွှေနဲ့ ပိုးမွှားအန္တရာယ်တွေကိုလည်း သတိပြုပါ။
လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန် ရွာသွန်းတာနဲ့အတူ ရေကြီး ရေလျှံတာ၊ မြေပြိုတာ စတဲ့ ကျရောက်နိုင်တဲ့ အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ပြီး ကာကွယ်ဖို့ နည်းလမ်းတွေ၊ အရေးပေါ် ခိုလှုံဖို့ နေရာတွေနဲ့ လိုအပ်နိုင်တဲ့ အရေးပေါ် အသုံးအဆောင် ပစ္စည်းတွေအတွက် ကြိုတင် ပြင်ဆင်ထားပါ။
/ 1ajenhrnjz
Ref - World Health Organization Myanmar
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #MFP #စစ်ကိုင်း #မန္တလေး #မကွေး #မိုးရွာရေကြီးမြေပြို #PSA #WHO
(Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိပါသည်။)
Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။
Facebook: / mandalayfreepress
YouTube: / @mandalayfreepressmfp
#MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: