Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Автор: Khit Thit Media
Загружено: 2025-11-03
Просмотров: 556834
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ နိုင်ငံတကာကလို လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထားတွေ ပြေးဆွဲမယ်ဆိုပြီး တတွင်တွင် ပြောဆိုခဲ့တဲ့ အကြမ်းဖက် မင်းအောင်လှိုင်က အခုတခါမှာလည်း ရန်ကုန်မြို့မှာ မိုးပျံအမြန်လမ်း နဲ့ မြို့တော်အပြင်ပတ်လမ်း စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုပြီး ကော်မတီဖွဲ့နေပြန်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ်က ရသေ့ဂူ၊ မင်းလက်ပံ၊ ဖလူးကျေးရွာတွေဘက် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တန်ပြန် တိုက်ခိုက်မှု တွေ အတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ တော်တော်များနေသလို ၊ လက်နက်ခဲယမ်း တွေကို ပါ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိထားတယ်လို့ ကျားသစ်နက် စစ်ကြောင်းက ထုတ်ပြန်ထား ပါတယ်။
စစ်ကိုင်းတိုင်းက ဗန်းမောက်မြို့နယ်မှာ ကျန်းမာရေးမကောင်းသူ စစ်ဘေးရှောင် မသန်စွမ်း အမျိုးသမီးငယ်တစ်ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီ SNA တပ်သား က မုဒိမ်းပြုကျင့်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: