ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေးရင် စိတ်မကောင်းဖြစ်ရတယ် (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2024-11-24
Просмотров: 87013
ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေးရင် စိတ်မကောင်းဖြစ်ရတယ် (ရုပ်/သံ)
ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၄
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်နိုင်တဲ့သူ ဖြစ်တယ်လို့ စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောပါတယ်။
စစ်ခေါင်းဆောင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်တွေနဲ့ အတူ အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုတပ်ပြီး ထောင် ၃၃ နှစ် အမိန့်ချထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ချုပ်နောင်ထားတယ်ဆိုတာကို ပြည်သူတွေနဲ့ ကမ္ဘာကြီးကို ပေးမသိသလို နိုင်ငံတကာ သံတမန်တွေရဲ့ တွေ့ခွင့်တောင်းဆိုမှုတွေကိုလည်း ငြင်းပယ်ထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #မသီတာ(စမ်းချောင်း) #NLD #နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: