Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

စိုးလင်းဦး နှင့် သွေးသစ်ဝင်းလှိုင် (Soe Linn Oo vs Thwaythit Win Hlaing)

Автор: Myanmar4you

Загружено: 2022-01-03

Просмотров: 776114

Описание:

#soelinoo #winhlaing #myaingkyingu #karenfight #traditionallethwei #mlc
ဒီအတွဲ ဒီပွဲကို နာမည်လှလှလေးပေးမတတ်လို့ ပရိသတ်တွေကပဲ အမည်ပေးကြည့်ပါဦး မထင်မှတ်တာတွေဖြစ်လာလေ့ရှိတဲ့အတိုင်းပဲ မဆုံချင်ရှိ ဆုံချင်ရှိ နိုင်ငံခြားပြိုင်ဘက်မရှိတဲ့အချိန်မှာ မြန်မာပြည်ရဲ့အတောက်ပဆုံး လက်ဝှေ့ကြယ်နှစ်စင်းဟာ အလင်းပြိုင်ခဲ့ကြပါပီ။ မွန်ပြည်နယ်မှာဆိုရင် ဝင်းစိန်ဆရာတော်ကျောင်းဝင်းထဲမှာ တွေ့မယ့်ပွဲဘားအံမှာဆိုရင် တောင်ကလေးနယ်နိမိတ်မှာဖြစ်ရမယ့်ခေါင်ပွဲမျိုးဟာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ 2.1.2022 ရက်မှာတော့ မြိုင်ကြီးငူဒေသ လှိုင်းဘွဲမှာဆုံကြပါတယ်။ကြိုးဝိုင်းပေါ်မှာ မမြင်ရကြာလှတဲ့ ဝါရင့်လက်ဝှေ့ကျော် ဆရာသိန်းစိုး ကြိုးဝိုင်းဒိုင်လုပ်ပြီး စောကျော်သိန်းတူက ခုံဒိုင်အဖြစ်နေရာယူခဲ့ကြတာပါ။ ဒဏ်ရာအကင်းဆုံးလက်ဝှေ့သမားနဲ့ သံမဏိအသဲပိုင်ရှင်တို့ရဲ့ ပွဲပါလို့ ပွဲကြော်ငြာသူက တင်စားခဲ့တာကြားကြရပြီး ခုံဒိုင်ကတော့ လက်ဝှေ့လောကစကားအတိုင်းခပ်ရှင်းရှင်းပြောတာက ဒီနှစ်ဦးက ကြက်ပါးနှင့်ကြက်မိုက်ပါတဲ့ ။ ပွဲတွေအကြာကြီး မထိုးခဲ့ရပါဘူး။ လွန်ခဲ့တဲ့ကရင်ပြည်နယ်နေ့မှာတော့ သွေးသစ်ဝင်းလှိုင်ဟာ အရွယ်တူတက်လူ ယျှူးခလိန်းမင်းကို စစ်ဆေးတိုင်းတာဖို့ အခွင့်အရေးပွဲတပွဲရှိခဲ့ပြီး သရေရလာဒ်သာ မှတ်တမ်းထားရှိခဲ့ပါတယ်။ ပရိသတ်တွေ အလွမ်းကြီးလွမ်းနေမှာသေချာသူကတော့အသဲကောင်းအကြမ်းခံမှကြိုက်တဲ့ပရိသတ်များရဲ့ အချစ်တော် စိုးလင်းဦးပါပဲ။ ဒဏ်ရာကင်းကင်း လန်းလန်းဆန်းဆန်းရှိတာတွေ့ရပါတယ်။ ဝင်းလှိုင်ကိုလည်း သူ့ပုံစံမှန်တိုင်း ထိုးဖို့ကန်ဖို့ ဘောင်းဘီဆွဲနေဆဲ မပြောင်းမလဲ သူ့သင်္ကေတနှင့်သူပါ။ တလုံလုံးကိုထိုးဖို့ တွက်ချက်ချိန်ဆတတ်ဆဲ တိကျရေးသမားပါ။ ဝင်မတိုးရ လိုက်မထိုးရရင် စင်ပေါ်မတက်ဘူးလို့ စာချုပ်ရှိထားသလို စိုးကြီး(စိုးလင်းဦး)ကလည်း ပွဲလွှတ်တာနဲ့ ကပ်လိုက်ဝင်တိုးပါတယ်။ စိုးလင်းဦးရဲ့ ဝင်မြဲကပ်မြဲခြေလှမ်းတွေကြောင့် သွေးသစ်ဝင်းလှိုင်အတွက် အကျပ်ရိုက်စေပုံရပါတယ်။ ဝင်းလှိုင်ဘယ်ခတ်ခြေနှင့်စောင့်ရိုက်တံတောင်တွေထိရင်ဘယ်လိုနေမလဲလို့ ဒီအတွဲမှာ မေးစရာပါပဲ။ စိုးလင်းဦးဟာ စိုးလင်းဦးဆိုတဲ့ဂုဏ်ဒြပ်မှနေ၍ တပြားသားမှ မလျော့ခဲ့ပါဘူးအနာအဆာ ပျောက်ရှင်းကုန်ပြီဖြစ်တဲ့ ကျားရဲတကောင်ရဲ့တိုက်ခိုက်မှုကို အစုံအလင်တွေ့ရဖို့ ခုလို သုံးချီပွဲဟာ မပြည့်စုံခဲ့ဘူး ပြောရမှာပါပဲ။ မတွေ့ရကြာလို့ လွမ်းနေတဲ့ပုံကြီးနဲ့ ဝင်တိုး နီးကပ်လွန်းတဲ့ခါ ဝင်းလှိုင်ဘက်က စိုးလင်းဦးကိုပစ်မှတ်လှမ်းဖို့ ခက်ခဲလာစေပါတယ်။ အနီးကပ်ဝင်တိုးဖို့ စိုးလင်းဦးအားထုတ်မှုကြောင့် သွေးသစ်ဝင်းလှိုင်အတွက် ပစ်မှတ်တခုဟာ ပျောက်ပျောက်သွားပုံပါပဲ။ နီးလွန်းကြီးရင်ရှာမတွေ့ ဖြစ်နေတတ်ပါတယ်။ ဒီတော့ မထူးဘူး စိုးကြီးရေ ခေါင်းပြိုင်တိုက်ကြတာပဲ ကောင်းမလားဆိုပီး ခေါင်းချင်းတည်ပေးမှ ဖြစ်မယ့်အနေအထားဖြစ်သွားပါတယ်။ ချစ်စရာ ကရင့်အမျိုးသားနှစ်သစ်ကူးပွဲတော် ကရင်လူမျိုးနှစ်ဦးရဲ့ သတ္တိအသဲတိုက်စစ်ပွဲပါခင်ဗျာ။ ဝင်းလှိုင်ရဲ့အနီးကပ်ကန်ထည့်တဲ့ခတ်ခြေသံ အကျယ်ကြီးနှင့် သူ့လက်သီးနှင့် စိုးကြီးမေးရိုးထိခတ်သံအရှင်းသားကြားရဖို့ရှိတဲ့ပွဲလို့ ညွှန်းပါရစေ။ ပစ်မှတ်နေရာမှမနေတဲ့စိုးလင်းဦးကို တွန်းထုတ်နေရတာက ပြိုင်ဘက်အားလုံးအတွက် အလုပ်ရှုပ်စရာအခက်အခဲဆိုတာ ဒီပွဲက ထင်ရှားစေပါတယ်။ ခွါစစ်တိုက်နေရင် ဝင်းလှိုင်ရဲ့ဘယ်ဒူးနှင့် လက်သီးရှည်တွေ ခတ်ခြေတွေ မြိုင်ဆိုင်နေမှာဖြစ်သလို ကပ်ထိုးဟေ့ဆိုရင်တော့ စိုးလင်းဦးရဲ့ မှော်ဆန်တဲ့ ကပ်ပင့်လက်သီးတိုတွေဟာအဆိပ်ပြင်းဆူးပမာ ဖြစ်နေနိုင်တာမျိုးပါပဲ နောက်ဆုံးချီမှာ ဝင်းလှိုင်ဟာ ရတဲ့အကွာအဝေးကို အသုံးချပီး ဘယ်တလုံး ညာတလုံး နှစ်ချက် စိတ်ကြိုက်ကိုယ်လုံးပစ်ထိုးပါတယ် ထိပါတယ်။ စိုးလင်းဦးဟာ သဲအိတ်ပမာ ခဏတာယိုင်သွားရုံကလွဲလို့ အပြုံးမပျက်ခဲ့ပါဘူး နောက်ထပ် ဝင်းလှိုင်ဆီကထွက်ချလာတဲ့စိတ်ကြိုက်ညာဝိုက်တံတောင် လွဲသွားပါတယ်။ ထိသွားရင် ဘာဖြစ်သွားနိုင်လဲဆက်ကြည့်ချင်သေးတယ်ဆိုရင် ငါးချီပွဲတပွဲ တည်ပေးလိုက်ဖို့သာရှိပါတယ်။ ထိသွားမှ သံမဏိကိုမြင်ရမှာမို့ပါခင်ဗျာ ။ ငါးချီပွဲကြီးများကို အမြင့်မားဆုံးအားကုန်သုံးပြီးနွှဲနေကျ မင်းသားကြီးနှစ်ဦးအတွက် သုံးချီပွဲဟာ ဘာနဲ့တူသလဲဆိုရင် ဝေလငါးကြီးကို ချောင်းမြောင်းထဲ လွှတ်ထားသလိုသာ မြင်ရစေပါတယ်။ သုံးချီစလုံးအချိန်ပြည့် ဒီမောင်နှစ်ဦး သက်လုံတွေက အရှိန်ရစမှာပဲ ပွဲပြီးသွားတာမို့ နှစ်သိမ့်ရပါတယ်။ တွဲဆိုင်းထွက်လာတော့ အက်ဒမင် တွက်ဆထားသလို ညီလိုအကိုလို ခပ်ထိန်းထိန်း ပါးပုတ်နားပုတ်သွားနိုင်တယ်လို့ ထင်ကြေးဟာ အလွဲကြီးလွဲခဲ့တဲ့တာ ဝန်ခံပါရစေ။ ပွဲကြမ်းမှလက်ခုပ်သံထွက်တဲ့ မြိုင်ကြီးငူလို ဒေသမှာ လက်ခုပ်သံ အားပေးသံ ဆူညံခဲ့ရခြင်းက နှစ်သစ်ကူး ဒီပွဲရဲ့ ကျက်သရေပါပဲ။ - ချစ်သော ကရင်တမျိုးသား မည်သည့်နေရာဒေသကိုပဲ ရောက်နေနေ ကျန်းမာကြပါစေ ပျော်ရွှင်နိုင်ကြပါစေ အနာဂါတ်သစ်တွေ လင်းလက်နိုင်ကြပါစေခင်ဗျား - MLC အဖွဲ့သားတွေက ခင်ဗျားတို့ကိုချစ်ပါတယ်။

စိုးလင်းဦး နှင့် သွေးသစ်ဝင်းလှိုင် (Soe Linn Oo vs Thwaythit Win Hlaing)

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

စာစစ်မှူးကို တွေ့ဆုံခြင်း ( Soe Lin Oo vs Yan Naing Tun ) စိုးလင်းဦး နှင့် ရန်နိုင်ထွန်း

စာစစ်မှူးကို တွေ့ဆုံခြင်း ( Soe Lin Oo vs Yan Naing Tun ) စိုးလင်းဦး နှင့် ရန်နိုင်ထွန်း

စိုးလင်းဉီး  နှင့်  စုဟရှိ (Soe Linn Oo Vs Masayoshi Tsuhashi)

စိုးလင်းဉီး နှင့် စုဟရှိ (Soe Linn Oo Vs Masayoshi Tsuhashi)

Полный бой | Арман Царукян vs Шара Буллет | Arman Tsarukyan vs Shara Bullet | Ծառուկյան vs Բուլետ

Полный бой | Арман Царукян vs Шара Буллет | Arman Tsarukyan vs Shara Bullet | Ծառուկյան vs Բուլետ

YDA Channel Live Stream

YDA Channel Live Stream

ပရိသတ်တွေတောင် ထခုန်ရတဲ့အထိ ရသပေးစွမ်းနိုင်တဲ့ ပွဲ (Soe Lin Oo Vs Tha Pyay Nyo)

ပရိသတ်တွေတောင် ထခုန်ရတဲ့အထိ ရသပေးစွမ်းနိုင်တဲ့ ပွဲ (Soe Lin Oo Vs Tha Pyay Nyo)

Арман царукян и Шарабутдин Магомедов

Арман царукян и Шарабутдин Магомедов

စိုးလင်းဦး(ဒို့ရိုးရာ) vs သွေးသစ်ဝင်းလှိုင်(family) 2-1-2022-myanmarlethwei

စိုးလင်းဦး(ဒို့ရိုးရာ) vs သွေးသစ်ဝင်းလှိုင်(family) 2-1-2022-myanmarlethwei

НУРЕ БОЙ Арман Царукян
vs Шара Буллет | Arman Tsarukuyan vs Shara
Bullet

НУРЕ БОЙ Арман Царукян vs Шара Буллет | Arman Tsarukuyan vs Shara Bullet

ကိုယ့်ထက် ၁၀ကီလိုဝိတ်ပိုတဲ့ လူထွားကြီးဈာန်ထူးကို ရှောင်ကြီးဆုံးမခဲ့တဲ့ပွဲ

ကိုယ့်ထက် ၁၀ကီလိုဝိတ်ပိုတဲ့ လူထွားကြီးဈာန်ထူးကို ရှောင်ကြီးဆုံးမခဲ့တဲ့ပွဲ

Myanmar Lethwei - Soe Lin Oo ( Myanmar ) vs Artur Saladiak ( Poland ) - Rematch

Myanmar Lethwei - Soe Lin Oo ( Myanmar ) vs Artur Saladiak ( Poland ) - Rematch

Mike Yine vs Thway Lin Htet | Myanmar Lethwei

Mike Yine vs Thway Lin Htet | Myanmar Lethwei

🔥ခုလေးတင်ကထိုးသတ်သွားတဲ့ စိုးလင်းဦး နဲ့ ရှရှားဖိုက်တာ ကော့ထွန်တို့ပွဲ စ-ဆုံးကြည့်ရန်

🔥ခုလေးတင်ကထိုးသတ်သွားတဲ့ စိုးလင်းဦး နဲ့ ရှရှားဖိုက်တာ ကော့ထွန်တို့ပွဲ စ-ဆုံးကြည့်ရန်

Myanmar lethwei သတ္တိအောင် VS သူရရဲအောင် 14-3-2025 တယုကျိုးဘုရားပွဲ အထိမ်းအမှတ်။

Myanmar lethwei သတ္တိအောင် VS သူရရဲအောင် 14-3-2025 တယုကျိုးဘုရားပွဲ အထိမ်းအမှတ်။

Tha Pyay Nyo vs Kyaw Swar Win - Lethwei Mania

Tha Pyay Nyo vs Kyaw Swar Win - Lethwei Mania

SOE LIN OO VS DMITRII KOVTUN ONE FIGHT 8/3/2025 စိုးလင်းဦးထွန်းသွားတဲ့ပွဲ9Media Myanmar Lethwei

SOE LIN OO VS DMITRII KOVTUN ONE FIGHT 8/3/2025 စိုးလင်းဦးထွန်းသွားတဲ့ပွဲ9Media Myanmar Lethwei

၁၄/၈/၂၀၂၂ (စိုးလင်းဦး)🇲🇲🆚🇹🇭(ဝီဂျစ်)

၁၄/၈/၂၀၂၂ (စိုးလင်းဦး)🇲🇲🆚🇹🇭(ဝီဂျစ်)

Soe Lin Oo vs Too Too, Myanmar Lethwei Fights 2015, Lekkha Moun, Burmese Boxing

Soe Lin Oo vs Too Too, Myanmar Lethwei Fights 2015, Lekkha Moun, Burmese Boxing

Thway Thit Win Hlaing 🇲🇲 Vs Khunsuek 🇹🇭 Full fight 👊

Thway Thit Win Hlaing 🇲🇲 Vs Khunsuek 🇹🇭 Full fight 👊

2014 Part.1 ထွန်းထွန်းမင်း-Tun Tun Min(Myanmar) vs. ပါဝိ-Pravit(Thailand)

2014 Part.1 ထွန်းထွန်းမင်း-Tun Tun Min(Myanmar) vs. ပါဝိ-Pravit(Thailand)

ဂဠုန် နဂါး အကုန်စားမယ့်ပွဲကြီး (Soe Linn Oo vs Thwaythit Win Hlaing)

ဂဠုန် နဂါး အကုန်စားမယ့်ပွဲကြီး (Soe Linn Oo vs Thwaythit Win Hlaing)

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]