ကျိုက်ထီးရိုးစေတီတော် မြတ်ကြီး၊(Kyaik Htee Yoe Pagoda)ကျိုက်ထိုမြို့၊ မွန်ပြည်နယ်၊ Kyaikto Township.
Автор: Ven-Indaka
Загружено: 2024-07-30
Просмотров: 1276
ကျိုက်ထီးရိုးစေတီတော် မြတ်ကြီး၊ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် မြတ်ကြီး၊ (Kyaik Htee Yoe Pagoda၊ Golden Rock) ကျိုက်ထိုမြို့၊ မွန်ပြည်နယ်၊ Kyaikto Township in Mon State, Myanmar.
ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော် မြတ်ကြီးသည် မြန်မာနိုင်ငံတောင်ပိုင်း ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီး ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိသော စေတီဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲ ပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီး ရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့် ပေ ၃၆၀၀ ခန့် အမြင့်မှာ ရှိပါ တယ်၊
ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ (၅၀) ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်ကြလုတည်းကာတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် (၁) ပေ (သို့မဟုတ်) (၁၅)ပေခန့် မြင့်သော စေတီတော် တည်ထားပါ သည်၊
........
မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီးသည် မဟာသက္ကရာဇ် (၁၁၁) ခုနှစ် ဆောင်ဥတု တွင် သုဝဏ္ဏဘုမ္မိ သထုံ ပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်း နှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြ သည်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူ သည်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီးအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်။ နောက်နေ့ရက်များမကြာမီ မွတ်လအိ တောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသ တောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီ နောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂို လ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသ နားတော်မူခဲ့သည်။ တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ (ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို (ဗုဒ္ဓါဉာဏရသေ့အား ပေးအပ်ခဲ့လေသည်။ ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။ ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။
"ကျိုက်ထီးရိုးစေတီတော် အံ့ဖွယ်(၉)ပါး"🙏
🔺(၁) ဗုဒ္ဓဆံတော်မြတ်ကို မိမိဆံကျစ်၌ အမြဲကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကိုဌာပနာ၍ဘုရားတည်လိုသောအခါ သိကြားမင်းသည်
ထိုရသေ့၏ဦးခေါင်းနှင့် တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှ ဆောင့်ယူ၍ ကျိုက်ထီးရိုးကျောက်တောင်ထိပ်၌ ဘုရားတည်ရန်တင်ထားခြင်း။
🔺(၂) ထိုကျောက်တုံးကြီးသည် ကျောက်တောင် စောင်းထိပ်၌ တည်ပါလျက် ငလျင်လှုပ်ခြင်း စသောအကြောင်းကြောင့် ရွေ့လျားခြင်းမရှိခြင်း။
🔺(၃) ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီ တည်ထားခြင်း။
🔺(၄) မြတ်စွာဘုရား၏ဆံတော် ဌာပနာခြင်း။
🔺(၅) ကမ္ဘာမြေပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့်တူသော စေတီမရှိခြင်း။
🔺(၆) ဘုရားဖူးတို့သည့် ခက်ခဲစွာ တောတောင် လျှိုမြောင်တို့ကိုဖြတ်ကျော်၍ တောင်တက်ဘုရား ဖူးရခြင်း။
🔺(၇) ဘုရားဖူးသူတို့သည် ဖူးမဝဖြစ်၍ နောက်ထပ် လာရောက်ဖူးပါရစေဟု ဆုတေင်းခြင်း၊ အခေါက် များစွာ လာရောက်ဖူးမြော်ကြရခြင်း။
🔺(၈) ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူးချမ်းသာခြင်း။
(၉) နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးများ အဆင်းအတက်ဖွေးဖွေးရှိလျက် ရင်ပြင်တော်၌ ပြည့်ကြပ်များပြားခြင်း။
.......................
မဟာသုတဒီပနီကျမ်း၊
ကျိုက်ထီးရိုးဘုရားပွဲတော်ကိုကျင်းပချိန်မှာ နှစ်စဉ် တပို့တွဲလမှ တန်ခူးလအထိဖြစ်သည်။
#ကျိုက်ထီးရိုး စေတီတော် မြတ်ကြီး
#ဆံတော်ရှင် စေတီတော် မြတ်ကြီး
#Kyaik Htee Yoe Pagoda
#Golden Rock
#ကျိုက်ထိုမြို့
#မွန်ပြည်နယ်
#Kyaikto Township
#Mon State
#Myanmar
#ပေါင်းလောင်းတောင်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: