တရုတ်ကိုကိုင်တွယ်ဖို့ မြန်မာ့အရေးကို ထရမ့်အစိုးရသစ် အသုံးချလာနိုင်လား - BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: Дата премьеры: 16 нояб. 2024 г.
Просмотров: 1 310 134 просмотра
၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင် ပါတီကို ကိုယ်စားပြုတဲ့ ဒေါ်နယ်ထရမ့် အတော်လေး ပြတ်ပြတ်သားသား အနိုင်ရ သွားခဲ့တဲ့နောက်၊ သူ အိမ်ဖြူတော်ကို ပြန်လာဖို့ရာ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ သူ့အစိုးရအဖွဲ့ထဲ အရေးပါတဲ့ ထိပ်တန်း နေရာတွေကို ဘယ်သူတွေကို ပေးမယ် ဆိုတာကို အခု ရက်ပိုင်းတွေ အတွင်းမှာပဲ အတည်ပြု နေပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနေရာမှာ မာကို ရူဘီအို ရှိလာမှာ ဖြစ်ပြီး၊ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးဆိုတဲ့ မူဝါဒပိုင်း ထိပ်တန်းရာထူးကို မိုက်ကယ် ဝေါ့လ်ဇ် ရမှာ ဖြစ်ပါတယ်။ အဲဒီ နှစ်ယောက်စလုံးဟာ တရုတ်နိုင်ငံ အပေါ် တင်းမာတဲ့ သဘောထား အမြင်နဲ့ ရပ်တည်မှုတွေ ရှိကြသူတွေ အဖြစ် အသိများပါတယ်။
ဒီ တစ်ပတ်မှာတော့ ထရမ့်လက်ထက် အမေရိကန် အစိုးရရဲ့ မြန်မာ့အရေး ဆိုင်ရာ မူဝါဒ ဘယ်လို ဖြစ်လာနိုင်လဲ ... တရုတ်အတွက် ဗျူဟာမြောက် ပင်လယ်ထွက်ပေါက် ရှိနေစေတဲ့ မြန်မာပြည် ရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကို တရုတ်အပေါ် ကိုင်တွယ်လိုတဲ့ ထရမ့် အစိုးရ အာရုံစိုက် စိတ်ဝင်စားနိုင်လား .... မြန်မာ့ဒီမိုကရေစီအရေးကို အားပေးကူညီနေတဲ့ အမေရိကန်ရဲ့ ရှိလက်စ လုပ်ငန်းတွေရဲ့ အလားအလာ အပါအဝင် Trump 2.0 တကျော့ပြန် ထရမ့် ဗားရှင်းအသစ် ဘာတွေ လုပ်ဆောင်လာမလဲ ... စတာတွေကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ .... ကွန်ဂရက်စ်လွှတ်တော် သုတေသန ဌာနမှာ မြန်မာ့အရေး အပါအဝင် အာရှရေးရာ ကျွမ်းကျင်သူ အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး၊ လက်ရှိမှာလည်း ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး စင်တာ CSIS ရဲ့ သုတေသီတစ်ယောက် ဖြစ်တဲ့ ဒေါက်တာ မိုက်ကယ်မာတင်နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောတို့ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ်တင်ဆက်ထားတာကို နိုဝင်ဘာလ ၁၆ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီအချိန်မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့၊ ည ၈ နာရီခွဲအချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျု့ချန်နယ်တို့ကနေ ထုတ်လွှင့်သွားမှာမို့ စောင့်မျှော်ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: