ကားလမ်းဘေးကအများသုံးတယ်လီဖုန်းရုံ နှင့် မရဏတောအုပ်၏ ခြောက်လှန့်မှုများ - Scary Sunday
Автор: Story Bears
Загружено: 2024-10-06
Просмотров: 19423
Part 1 • ခြောက်ခြားဖွယ် မရဏတောအုပ် (ခ) Aokigahara တ...
Part 2 • မရဏတောအုပ်ထဲက မရဏရွာ၊ စိတ္တဇရာဇဝတ်ကောင်နဲ့...
Follow me on
/ storybearsmm
/ storybearsmm
/ storybearsmm
https://t.me/StoryBearsMM
Credit - • Видео
Aokigahara တောအုပ်နဲ့ပတ်သက်ပြီး ပြောပြလာတာမှာ အခုဆိုရင် တတိယနဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ တောအုပ်မှာ ကြုံရခဲ့တယ်ဆိုတဲ့ ကြောက်မယ်ဖွယ်ရာ ခြောက်လှန့်မှုတွေနဲ့ အတွေ့အကြုံတွေကို တင်ဆက်ပေးသွားမှာပါ။ အရင်အပိုင်း ၁ မှာတုန်းက ဒီတောအုပ် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနဲ့ အပိုင်း ၂ မှာကတော့ ဒီတောအုပ်နဲ့ ပတ်သက်တဲ့ လူသိများ ထင်ရှားတဲ့ ယုံတမ်းပုံပြင် မြို့ပြဒဏ္ဍာရီဇာတ်လမ်း ၃ ခုအကြောင်းကို တင်ဆက်ပေးထားခဲ့တာပါ။ အဲ့ဒီအပိုင်းတွေကို မကြည့်ရသေးဘူးဆိုရင်တော့ ကြည့်လို့ရအောင် Decription မှာရော Comment မှာပါ ကျွန်တော် လင့်ချပေးထားပါမယ်။
အားလုံးမှတ်မိကြမယ်ဆိုရင် ဒီတောအုပ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တောအုပ်တစ်ခုလည်း ဖြစ်သလို လူအများလည်ပတ်ရာနေရာတွေအများကြီးရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီတောအုပ်ကို လာရောက်လည်ပတ်ဖူးခဲ့တဲ့လူတွေရဲ့အဆိုအရ ဒီတောအုပ်ထဲမှာ လမ်းလျှောက်နေတုန်းမှာ သူတို့ရဲ့ အဝတ်အစားတွေ ကျောပိုးအိတ်လိုအသုံးအဆောင်တွေကို တစ်ခုခုက လှမ်းလှမ်းဆွဲသလိုမျိုး ခံစားချက်ကို ခံစားရလေ့ရှိတယ်ဆိုပြီး ပြောကြပါတယ်။ တကယ်လို့သာ အုပ်စုလိုက်လာခဲ့တာမျိုး ဖြစ်ခဲ့မယ်ဆိုရင် အရှေ့ကလူက အဲ့လိုခံစားရတဲ့အချိန်မှာ နောက်ကပါလာတဲ့သူတွေက လက်ချောင်းအရိပ်တွေက ချုံတွေထဲ သစ်ပင်တွေထဲကနေ ဒါမှမဟုတ် မြေပြင်ထဲကနေပြီးတော့ ထွက်လာပြီးတော့ ရှေ့ကလူရဲ့ အဝတ်အစား သို့မဟုတ် ကျောပိုးအိတ်ကို လှမ်းဆွဲနေတာမျိုးကို မြင်ရတတ်ပါတယ်တဲ့။
ဒီအကြောင်းအရာက လာလည်ကြတဲ့လူတွေအပြင် ဂျပန်စစ်တပ်ရဲ့ ခြေလျင်တပ်ဖွဲ့တွေကြားမှာလည်း အပြောများတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ အကြောင်းက ဖူဂျီတောင်နဲ့ မနီးမဝေးနားက JGSDF Camp ဆိုပြီး ခြေလျင်တပ်ရင်းတစ်ခုရှိပါတယ်။ အဲ့ဒီတပ်ရင်းက စစ်သားတွေအတွက် ဒီတောအုပ်က လက်တွေ့လေ့ကျင့်ခန်း လာလုပ်နေကျနေရာတစ်ခု ဖြစ်နေတော့ ဒီအကြောင်းအရာက နှစ်စဉ် ကြုံတွေ့နေကျ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။
တစ်ခါသားမှာတဲ့ သင်တန်းသား တပ်သားအဖွဲ့တစ်ဖွဲ့ ဒီတောအုပ်ထဲမှာ လမ်းကြောင်းဆင်းလာကြတာပေါ့လေ။ အဲ့ဒီမှာတပ်ဖွဲ့ရဲ့ အရှေ့ပိုင်းမှာ ရောက်နေတဲ့ သင်တန်းသားတစ်ယောက်က သူ့ရဲ့ အင်္ကျီနဲ့ ကျောပိုးအိတ်ကို တစ်ယောက်ယောက်က ဆွဲဆွဲနေတာ ခံစားရတယ်တဲ့။ နောက်က သူ့သူငယ်ချင်းသင်တန်းသားတွေက နောက်ပြီး ဆွဲနေတယ်ထင်လို့ သူက အစပိုင်းမှာ လျစ်လျူရှုခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဆွဲတာက ပိုပိုပြီး အားပြင်းလာသလို ခဏခဏ ဆွဲနေတော့ သူလည်း သည်းမခံနိုင်တော့ဘူးဖြစ်လာတယ်တဲ့။ အဲ့ဒါနဲ့ စိတ်ဆိုးမန်ဆိုးနဲ့ နောက်ဘက်ကိုလှည့်ပြီး သူ့ရဲဘက် သူငယ်ချင်းတွေကို ဟေ့ကောင်တွေ တော်ကြတော့ ဆိုပြီး အော်လိုက်တဲ့အချိန်မှာ သူ့ရဲဘော်တွေကလည်း ဘာဖြစ်တာလဲပေါ့။ သူတို့တွေက သူတို့ဘာသာ လျှောက်နေတာ သူ့ကိုလည်း မဆွဲမိပါဘူးပေါ့။
အဲ့ဒါနဲ့ သူတို့တွေ ခရီးဆက်ကြတဲ့အချိန်မှာ ခဏကလိုပဲ ထပ်ဖြစ်ပြန်ရောတဲ့။ ဒီကောင်တွေ ငါ့ကို တမင် မလုပ်ဘူးပြောပြီး လုပ်နေပြန်တယ်ဆိုပြီး နောက်ကိုလှည့်ပြီး ဒေါသတကြီး အော်လိုက်တဲ့အခါမှာ သူ့ ရဲဘက်သူငယ်ချင်းတွေက သူ့နောက်ဘက် ခပ်လှမ်းလှမ်းမှာ ရှိနေတာကို မြင်ရော။ အဲ့ဒါတင်မကဘဲ အဲ့ရဲဘော်တွေ အကုန်လုံးက ကြောက်နေကြပုံပေါက်နေတာကိုလည်း သတိထားမိတယ်တဲ့။
အဲ့ဒါနဲ့ ဘာဖြစ်တာလဲဆိုပြီး မေးကြည့်တဲ့အခါမှာတော့ သူက သူတို့တပ်ဖွဲ့ကို ရှေ့ကနေ ဦးဆောင်ပြီး လျှောက်နေတဲ့ အချိန်မှာ ဖြူလျော်လျော်အရိပ်နဲ့ လက်တွေက နေရာပေါင်းစုံကနေပြီးတော့ သူ့ရဲ့ အင်္ကျီနဲ့ အိတ်ကို ဆောင့်ဆောင့်ဆွဲနေတာကို သူတို့တွေ အားလုံး မြင်ခဲ့ကြရကြောင်းနဲ့ ကြောက်လွန်းတဲ့အတွက် အားလုံးက အသံတိတ်နဲ့ပဲ သူ့နောက်ကို ဆက်လိုက်နေခဲ့ကြတာပါဆိုပြီး ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရပါတယ်။
ဒီလိုမျိုးအဖြစ်အပျက်တွေဟာ ဒီခြေလျင်တပ်သားတွေ စစ်သားတွေမှာပဲ ဖြစ်ပျက်ခဲ့တာမျိုးမဟုတ်ဘဲ သာမန် အရပ်သားပြည်သူတွေ ဒီတောအုပ်ကို ရောက်ရှိ လည်ပတ်ကြည့်တဲ့အခါမျိုးတွေမှာလည်း ကြုံရလေ့ရှိတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။
နောက်ထပ် ကြုံရလေ့ရှိတဲ့ ခြောက်လှန့်မှုတစ်မျိုးကကျတော့ ခေါ်သံတွေကို ဟိုနားက ဒီနားက ကြားရတာမျိုး ဖြစ်ပါတယ်တဲ့။ တခါတရံမှာ ကိုယ့်အနောက်ဘက်ကနေ လှမ်းခေါ်လိုက်တဲ့အသံမျိုးကို ကြားရတတ်သလို တခါတရံ မှာတော့ တောတွင်းမလှမ်းမကမ်းတစ်နေရာကနေ လှမ်းခေါ်တာမျိုး ကြားရတတ်ပါတယ်တဲ့။ အကူအညီတောင်း တဲ့ပုံစံမျိုး ကူပါ ကယ်ပါဆိုပြီး ထပ်တလဲလဲ အော်ခေါ်နေတာမျိုး ရှိသလို တခါတရံမှာတော့ ငယ်သံပါအောင် အော်တဲ့ အသံမျိုးကို ကြားရတတ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီလို ကယ်ပါယူပါ အော်သံတွေဆီကို သွားကြည့်ခဲ့မယ်ဆိုရင် အဲ့ဒီနေရာမှာ ရှူးဖိနပ်၊ ကျောပိုးအိတ် သို့မဟုတ် တခြား အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရတာမျိုးရှိသလို တခါတရံမှာတော့ ပန်းစည်း သို့မဟုတ် မွေးပွအရုပ်လိုမျိုးတွေကို တွေ့ရတတ်ပါတယ်တဲ့။ ဒါတွေက တမလွန်ကိုရောက်သွားသူတွေရဲ့ ကျန်ရစ်ပစ္စည်းလည်း ဖြစ်နိုင်သလို ကွယ်လွန်သွားသူတွေကိုရည်စူးပြီး လာချထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်တဲ့။ တခါတလေမှာဆိုရင် တမင်ရည်စူးပြီး လှူဒါန်းထားဖွယ် ချထားဖွယ် ရှိတဲ့ စားသောက်ဖွယ်လိုမျိုးတွေကို တွေ့ရတတ်တယ်တဲ့။
ဒီလို ကူပါကယ်ပါ အော်သံနဲ့ ဒီလိုပစ္စည်းတွေကို တွေ့ရတာကို ပေါင်းပြီး တွေးကြည့်မယ်ဆိုရင် တော်တော် ကျောချမ်းစရာ ကောင်းနေပြီနော်။ ဒါပေမယ့် တခါတရံမှာ အဲ့ဒါထက် ကျောချမ်းကြက်သီးထစရာကောင်းတဲ့ အခြေအနေကို ကြုံရတတ်ပါတယ်။
Japan Times သတင်းဌာနက သတင်းထောက်တစ်ယောက်က ဒီ Aokigahara တောအုပ်နဲ့ ပတ်သက်ပြီးတော့ သတင်းတစ်ပုဒ်ရေးဖို့ရာဖြစ်လာတော့ တောအုပ်ရှိရာကို ကိုယ်တိုင်လာကြည့်ဖို့ဖြစ်လာခဲ့တယ်တဲ့။ အဲ့ဒီလို သူ တောအုပ်ထဲကိုရောက်လာတဲ့အချိန်မှာ တောတွင်းတစ်နေရာက ကြောက်လန့်ဖွယ် အော်သံတွေကို ကြားလိုက်ရတယ်တဲ့။ လူတစ်ယောက်ယောက်က အကူအညီလိုလို့များ အော်ဟစ်နေတာ ဖြစ်မလားဆိုပြီး သူက အော်သံကြားရတဲ့ဘက်ကို သွားကြည့်တယ်တဲ့။
#storybears #storybearsmm #myanmar #scarystory #scarysunday
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: