ထွေးပွေ့ထားတယ် - July Blessing | KARAOKE (Male Key) Lyrics on the Screen
Автор: David H'Sang Lyan (ii)
Загружено: 2025-06-16
Просмотров: 309
ထွေးပွေ့ထားတယ် - July Blessing | KARAOKE (Male Key) Lyrics on the Screen
ထွေးပွေ့ထားတယ်
| Lyrics |
နှလုံးဒဏ်ရာများ ကုစားပေးသူ
အနားမှာကိုယ်တော်ရှင်ရှိတယ်
ခံစားချက်တိုင်းကို နားလည်ပေးသူ
ကိုယ်တော်ရှင်ရှိတယ် ထွေးပွေ့ထားတယ်
V1:
အားငယ်ပြီး အဖော်မဲ့နေချိန်
ဝမ်းနည်းပြီး အထီးကျန်နေတဲ့အချိန်
နာကျင်စရာတွေခံစား အခန်းငယ်လေးထဲ
တစ်ယောက်တည်း ကြိတ်ငိုနေချိန်
V2:
ဘုရားသခင်ရဲ့နွေးထွေးတဲ့မေတ္တာ
နှလုံးသားထဲ တဖြည်းဖြည်း ဝင်ရောက်လာ
ဝေဒနာတွေအကုန်ပျောက်သွား
ထွေးပွေ့ခြင်းတွေ အပြည့်အဝခံစား
ကျွန်ုပ်ကိုချစ်တဲ့ ဘုရားသခင်ရှိတယ်
Cho:
မျက်ရည်တွေနဲ့ နာကျင်တဲ့အချိန်
အနားမှာ ကိုယ်တော်ရှိတယ်
နှလုံးကြေကွဲသူအနားမှာ
ဘုရားသခင်အတူရှိတယ်…
နှလုံးဒဏ်ရာများ ကုစားပေးသူ
အနားမှာကိုယ်တော်ရှင်ရှိတယ်
ခံစားချက်တိုင်းကို နားလည်ပေးသူ
ကိုယ်တော်ရှင်ရှိတယ် ထွေးပွေ့ထားတယ်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: