Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

စစ်တပ်ရဲ့တတ်နိုင်စွမ်းအားကို နိုင်ငံတကာ ဝိုင်းဝန်းလျှော့ချဖို့ ပါမောက္ခရှောင်တာနယ် ဆော်ဩ

Автор: BBC News မြန်မာ

Загружено: 2024-03-09

Просмотров: 231022

Описание:

စစ်တပ်ရဲ့တတ်နိုင်စွမ်းအားကို နိုင်ငံတကာ ဝိုင်းဝန်းလျှော့ချဖို့ ပါမောက္ခရှောင်တာနယ် ဆော်ဩ

စစ်တပ်အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ဆိုတာ စစ်တပ် ပြောင်းလဲ လာမလား ... စစ်တပ် ကျူးလွန်နေတာတွေ ကိုယ်ရှိန်သတ် သွားမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ဆောင်ရတာ မဟုတ်၊ စစ်တပ်ရဲ့ စစ်ရေး တတ်နိုင်စွမ်းအားကို တကယ် လက်တွေ့ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဩစတြေးလျ ဘောဂဗေဒ ပညာရှင် ပါမောက္ခ ရှောင်တာနယ်က ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ အထူးအကြံပေး ပါမောက္ခ တာနယ်ဟာ မြန်မာအကျဉ်းထောင်ထဲ ၂ နှစ်နီးပါး နေခဲ့ရပြီး လွတ်မြောက်လာခဲ့တဲ့နောက် လတ်တလောမှာပဲ An Unlikely Prisoner ဆိုတဲ့ ခေါင်းစဥ်နဲ့ ထောင်တွင်း အတွေ့အကြုံတွေကို စာအုပ်ရေးသား ထုတ်ဝေထားပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာပဲ နောက်ထပ် စာအုပ်တစ်အုပ်လည်း ထုတ်ဝေဖို့ ရှိနေပြီး သူရေးလက်စ ပြီးစီးလုနီး ဖြစ်နေပြီလို့ လန်ဒန်မြို့ ဘီဘီစီရုံးချုပ် ရှိရာ မတ်လ ဆန်း ပထမပတ်ထဲ ရောက်လာခဲ့တဲ့ ပါမောက္ခတာနယ်က ပြောဆိုပါတယ်။ အဲဒီစာအုပ်ကတော့ ပညာရပ်ပိုင်း ပိုဆန်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လက်ထက် ချမှတ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံတွေ အကြောင်း ဖြစ်တယ်လို့ ပါမောက္ခ တာနယ်က ဆိုပါတယ်။

“ကိုဗစ်ကမ္ဘာ့ကပ်ဘေးကို ရင်ဆိုင်ရချိန် လိုက်လျောညီထွေ ဖြစ်စေမယ့် ရဲဝံ့ခိုင်မာတဲ့ စီမံကိန်း အသစ်တစ်ရပ်ကို စီးပွားရေး နလံထူ ခိုင်မာရေးနဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းစဥ်နဲ့ ရေးသားနေခဲ့တာမှာ ဒီကနေ့ ပြီးဆုံးတယ်ဆိုရင် နောက်ရက် အာဏာသိမ်း ခံလိုက်ရတာပဲ"

"စစ်တပ်ကလည်း NLD အစိုးရလက်ထက် ဆောင်ရွက်ခဲ့တာတွေကို အစဖျောက်ဖို့ ကြိုးစားနေတဲ့ အတွက် မှတ်တမ်းမှတ်ရာ အနေနဲ့ ကျန်ခဲ့စေလိုတာက တစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး မြင်ကွင်းမှာ စစ်တပ်ကွယ်ပျောက်သွားချိန် အနာဂတ် မြန်မာပြည်အတွက် ဆက်လက် ဆီလျေော် အသုံးတည့်မှာ ဖြစ်လို့ကတစ်ကြောင်း Best Laid Plans ဆိုတဲ့ ခေါင်းစဥ်နဲ့ စာအုပ်ရေးသား နေတယ်” လို့ ပါမောက္ခတာနယ်က ဘီဘီစီမြန်မာပိုင်းနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။

သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံတွေဟာ သူ့ရဲ့ လူသားဝါဒ အပေါ် ယုံကြည်မှု အမြင်ကို တစုံတရာ အပြောင်းအလဲ ဖြစ်စေခဲ့လား ဆိုတာက အစ၊ ဒေါ်အောင်ဆန်းစုကြည်လက်ထက် ကျောက်ဖြူရေနက် ဆိပ်ကမ်း နဲ့ အထူး စီးပွားရေးဇုန် စီမံကိန်းကို စာချုပ် ပြင်ဆင် ချုပ်ဆိုဖို့ တရုတ် အစိုးရနဲ့ကြား အောင်မြင်အောင် ညှိနှိုင်းနိုင်ခဲ့တဲ့ ဖြစ်ရပ် အပါအဝင်၊ NUG နဲ့ကြား သူ့အနေနဲ့ လက်ရှိ ဘာတွေ ပူးပေါင်း လုပ်ဆောင်နေလဲ ဆိုတာတွေကို ပါမောက္ခ တာနယ်က ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုထားပါတယ်။

ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး တွေ့ဆုံ မေးမြန်းပြီး သတင်းမြင်ကွင်း အစီအစဥ်အနေနဲ့ တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

စစ်တပ်ရဲ့တတ်နိုင်စွမ်းအားကို နိုင်ငံတကာ ဝိုင်းဝန်းလျှော့ချဖို့ ပါမောက္ခရှောင်တာနယ် ဆော်ဩ

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

ထိုင်း စစ်ဆင်ရေး မြန်မာ ၅၀၀၀ နီးပါး ဖမ်းခံထားရ - BBC NEWS မြန်မာ

ထိုင်း စစ်ဆင်ရေး မြန်မာ ၅၀၀၀ နီးပါး ဖမ်းခံထားရ - BBC NEWS မြန်မာ

ကိုကိုးကျွန်းဟာ တရုတ်အတွက် ထောက်လှမ်းရေးစခန်း ဖြစ်သွားနိုင်လား- BBC News မြန်မာ

ကိုကိုးကျွန်းဟာ တရုတ်အတွက် ထောက်လှမ်းရေးစခန်း ဖြစ်သွားနိုင်လား- BBC News မြန်မာ

စစ်ကိုင်းကို ဖြတ်မယ့် ‘ကတ်​ကြေး’ ဗျူဟာ၊ BGF ကို​ပေးလိုက်တဲ့ ရွှေက္ကိုလ် Lockdown သေမိန့် | Live

စစ်ကိုင်းကို ဖြတ်မယ့် ‘ကတ်​ကြေး’ ဗျူဟာ၊ BGF ကို​ပေးလိုက်တဲ့ ရွှေက္ကိုလ် Lockdown သေမိန့် | Live

ဒီဇင်ဘာလ ၂၄ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်

ဒီဇင်ဘာလ ၂၄ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်

တော်လှန်ရေးကာလ ဦးဆောင်မှု NUG ပေးနိုင်သလား - ၃ နှစ်ပြည့် NUG အပေါ် ဆန်းစစ်ခြင်း - BBC News မြန်မာ

တော်လှန်ရေးကာလ ဦးဆောင်မှု NUG ပေးနိုင်သလား - ၃ နှစ်ပြည့် NUG အပေါ် ဆန်းစစ်ခြင်း - BBC News မြန်မာ

Yakuza-မြန်မာ နျူကလီးယား သိပ္ပံပညာရှင်တဦး အမြင်

Yakuza-မြန်မာ နျူကလီးယား သိပ္ပံပညာရှင်တဦး အမြင်

အမေရိကန်က မြန်မာပြည်တွင်းစစ်အပေါ် ဘယ်လို သဘောထားလဲ - BBC News မြန်မာ

အမေရိကန်က မြန်မာပြည်တွင်းစစ်အပေါ် ဘယ်လို သဘောထားလဲ - BBC News မြန်မာ

စစ်တပ်ရဲ့ကျရှုံးခန်း မလွဲမသွေဆက်ဖြစ်မယ့် အခြေအနေရောက်သွားပြီ - ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်

စစ်တပ်ရဲ့ကျရှုံးခန်း မလွဲမသွေဆက်ဖြစ်မယ့် အခြေအနေရောက်သွားပြီ - ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်

သူရ ဦးတင်ဦးပြောတဲ့ မြန်မာ့တပ်မတော်နဲ့ အာဏာရှင် ဦးနေဝင်း အကြောင်း

သူရ ဦးတင်ဦးပြောတဲ့ မြန်မာ့တပ်မတော်နဲ့ အာဏာရှင် ဦးနေဝင်း အကြောင်း

၂၀၂၅ အတွင်း စစ်ရေးချိန်ခွင် နှင့် ၂၀၂၆ လားရာ (Editorial Talk)

၂၀၂၅ အတွင်း စစ်ရေးချိန်ခွင် နှင့် ၂၀၂၆ လားရာ (Editorial Talk)

၁၀၂၇ စစ်ဆင်ရေးတွေဟာ ရှမ်းမြေပုံသစ်၊ မြန်မာမြေပုံသစ်တွေ ဖြစ်လာစေနိုင်လား- BBC News မြန်မာ

၁၀၂၇ စစ်ဆင်ရေးတွေဟာ ရှမ်းမြေပုံသစ်၊ မြန်မာမြေပုံသစ်တွေ ဖြစ်လာစေနိုင်လား- BBC News မြန်မာ

"အရှုံးကို အဖတ်ဆယ်ဖို့ အကွက်ဆင်ပြီးလုပ်တဲ့သဘော" - DVB Talkshow

စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ဟောလီးဝုဒ်ရုပ်ရှင်ထဲက မြန်မာသရုပ်ဆောင်

စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ဟောလီးဝုဒ်ရုပ်ရှင်ထဲက မြန်မာသရုပ်ဆောင်

အာဏာသိမ်း သံသရာထဲက မြန်မာပြည်မှတ်တမ်းများ - BBC News မြန်မာ

အာဏာသိမ်း သံသရာထဲက မြန်မာပြည်မှတ်တမ်းများ - BBC News မြန်မာ

ဦးဖုန်တဲရင် ဦးဆောင်မယ့် ကိုးကန့်ဒေသ ဘယ်လိုပုံစံ ဖြစ်လာမလဲ - BBC News မြန်မာ

ဦးဖုန်တဲရင် ဦးဆောင်မယ့် ကိုးကန့်ဒေသ ဘယ်လိုပုံစံ ဖြစ်လာမလဲ - BBC News မြန်မာ

ဟားမတ်စ်ကို ချေမှုန်းဖို့ အစ္စရေး ကြိုးပမ်းမှု အောင်မြင်နိုင်မလား - BBC News မြန်မာ

ဟားမတ်စ်ကို ချေမှုန်းဖို့ အစ္စရေး ကြိုးပမ်းမှု အောင်မြင်နိုင်မလား - BBC News မြန်မာ

တွေ့ဆုံမေးမြန်း ဆွေးနွေးခန်း (နေသန်မောင်-သတင်းစာဆရာ)

တွေ့ဆုံမေးမြန်း ဆွေးနွေးခန်း (နေသန်မောင်-သတင်းစာဆရာ)

အချိန်မနှောင်းခင် မြန်မာစစ်တပ်အာဏာစွန့်ဖို့ တီမောသမ္မတပြောကြား

အချိန်မနှောင်းခင် မြန်မာစစ်တပ်အာဏာစွန့်ဖို့ တီမောသမ္မတပြောကြား

လူငယ်တွေကို ယုံတယ်၊ အထင်ကြီးတယ် (ရုပ်/သံ)

လူငယ်တွေကို ယုံတယ်၊ အထင်ကြီးတယ် (ရုပ်/သံ)

အာဏာမသိမ်းမီ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ရှိခဲ့သူ - BBC News မြန်မာ

အာဏာမသိမ်းမီ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ရှိခဲ့သူ - BBC News မြန်မာ

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]