ကိုကိုးကျွန်းဟာ တရုတ်အတွက် ထောက်လှမ်းရေးစခန်း ဖြစ်သွားနိုင်လား- BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: 2023-04-08
Просмотров: 167894
ကိုကိုးကျွန်းပေါ်မှာ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ကြီးကြီးမားမား ရှိနေကြောင်း ပြသနေတဲ့ ဂြိုဟ်တုဓာတ်ပုံတွေ အခုနှစ်ဆန်းမှာပဲ ထွက်ပေါ်လာပါတယ်။
လေယာဥ်တွေ ရပ်နားရာ ဂိုဒေါင်ရုံ အသစ် ၂ ရုံနဲ့ လူနေ အဆောက်အအုံ အသစ် တစ်လုံးကို၊ ပို့ဆောင်ရေး လမ်းမအသစ် တစ်ခု နဲ့အတူ အဲဒီ ဂြိုဟ်တု ဓာတ်ပုံတွေထဲ တွေ့မြင် ကြရတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ အဲဒီ လမ်း၊ တံတား၊ အဆောက်အအုံတွေကို မီတာ ၂၃၀၀၊ မိုင်နဲ့ဆိုရင် တစ်မိုင်ခွဲ နီးပါး တိုးချဲ့ထားတဲ့ လေယာဥ်ပြေးလမ်း၊ ရေဒါ စခန်းတို့နဲ့ နီးနီးကပ်ကပ် တည်ဆောက် ထားတာလို့ ဆိုပါတယ်။
ကိုကိုးကျွန်းပေါ် တည်ဆောက်ရေး လုပ်ငန်းတွေဟာ တရုတ် အကူအညီနဲ့ ပြုလုပ်နေတာ ဖြစ်ပြီး၊ အိန္ဒိယ သမုဒ္ဒရာပြင်မှာ ဖြန့်ကျက် စိုးမိုးနိုင်ရေး ရည်မှန်းချက် အစိတ်အပိုင်း အဖြစ် ၊ ကိုကိုးကျွန်းကို သူတို့ရဲ့ ထောက်လှမ်းရေး အခြေစိုက် စခန်း သဖွယ် တရုတ်က အသုံးချလာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
အထူးသဖြင့် အိန္ဒိယ အပါအဝင် တောင်အာရှဒေသက တချို့ အကဲခတ်တွေနဲ့ စာနယ်ဇင်းသမားတွေကြား အဲဒီ ထောက်ပြ ပြောဆိုမှုတွေ ရှိနေရာက၊ လန်ဒန်မြို့တော် အခြေစိုက် နာမည်ကြီး နိုင်ငံတကာ လေ့လာရေး တော်ဝင် အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Chatham House လည်းပဲ အခုရက်ပိုင်းမှာ အလားတူ ပြောဆိုလာပါတယ်။
ဒီတော့ .... ကိုကိုးကျွန်းဟာ တကယ်ပဲ တရုတ်ရဲ့ ထောက်လှမ်းရေး အခြေစိုက် စခန်း ဖြစ်လာနေလား၊ အဲဒီဒေသဟာ ဘာ့ကြောင့် ဗျူဟာမြောက် အရေးပါနေရတာလဲ .... အိန္ဒိယ သမုဒ္ဒရာပြင် စိုးမိုးနိုင်ရေး အတွက် မြန်မာကို ကြားခံပြီး၊ တရုတ်နဲ့ အိန္ဒိယ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမလား .... စတာတွေကို ဒီတစ်ပတ် အာရုံစိုက် ဆွေးနွေးထားပါတယ်။ ကိုဝေဖြိုး စီစဥ် တင်ဆက် ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: