ကျေးဇူးမသိတတ်တဲ့ နိုင်ငံရေးသမားတွေကြောင့် ဘဝနေဝင်ချိန်မလှပခဲ့တဲ့ အာရှနေဝန်း ဆရာတော်ဦးဥတ္တမ
Автор: RAZAWON-ရာဇဝင်
Загружено: 2025-09-06
Просмотров: 12839
🔴 ဆရာတော်မပျံလွန်မီ ဆရာတော်ကို အနီးကပ်ပြုစုခဲ့တဲ့ မိဂဒါဝုန် ဦးကိတ္ထိမာ-ရေးတဲ့ ဆရာတော်ဦးဥတ္တမ၏ အတွင်းရေး ဆိုတဲ့ဆောင်းပါးမှာ ဆရာတော်နာမကျန်းဖြစ်နေ တဲ့အချိန် ဒုက္ခရောက်ခဲ့ပုံ၊ ဆရာတော်ရဲ့ ခြိုးခြွံချွေတာပုံတွေကို အခုလိုရေးသား ထားပါတယ်။
လွန်ခဲ့သော ၂ နှစ်အတွင်းက ဆရာတော်ဘုရားရဲ့ အခြေအနေကိုကြည့်လျှင် "ရှေးဝိပါက ဝဋ် ကြွင်းပေလော"ဟု တွေးတော ဝမ်းနည်းမိခဲ့၏။ ရှေးအခါက ဆရာတော်မှာ တရားပွဲတစ်ပွဲလျှင် တစ်ထောင် မက ပူဇော်ကြ၏။ ဘုရား၊ ရဟန္တာတမျှ ဖူးမြာ် ပူဇော်လိုကြ၏။
ဦးဥတ္တမ ကိုယ်တော်ကြီး၏ မျက်နှာတော်ကို မြင်ရရုံနှင့် နိုင်ငံရေး စိတ်ဓါတ်တွေ တက်ကြွပြီး အမိမြန်မာပြည်အတွက် မိမိတို့အသက်ကို ဗလိနတ်စာ ကျွေးနိုင်ခဲ့ကြ၏။ ဦးဥတ္တမကို ထိလျှင် မချိအောင် နာခဲ့ကြ၏။ ဦးဥတ္တမ ရန်ပုံငွေအတွက် ရက်ရက်ရောရော လှူဒါန်းနိုင်ခဲ့ကြ၏။ ထိုကဲ့သို့ တိုင်းပြည်က ချီးမြှင့်ထားသော ရန်ပုံငွေခြောက်သောင်းကျော်နှင့် ဦးဥတ္တမ သည် ဘယ်ဘဝမျိုးနှင့်မဆို ခံ့ခံ့ညားညား၊ ထည်ထည်ဝါဝါ ချမ်းသာစွာ သုံးစွဲနေထိုင်နိုင်မည်မှန်၏။
သို့သော် ပျံလွန်တော်မမူမီ ၂ နှစ်ကျော်ကပင် မြန်မာပြည်တွင် ဦးဥတ္တမသည် ဝံသာနုတို့၏ သူပုန်ဖြစ်ပြီ၊ ရူးသွပ်နေပြီဟု သမုတ်ခြင်းကို ခံရ၏။ စိတ်နှလုံးဖောက်ပြန်နေသော သူတောင်းစားသဖွယ် ရန်ကုန်တစ်မြို့ လုံး လမ်းကြိုလမ်းကြား မကျန်အောင် အနှံ့အပြား လှည့်လည်နေသော ဦးဥတ္တမကို သိမြင်သူ တစ်ဦး တစ်ယောက်မျှ မရှိလေသလော၊ သိမြင်ကြ၏။ သို့သော် မည်သူမျှ စေ့စေ့ မကြည့်ချင်။ စကား မပြောချင်။ အဖက် မလုပ်ချင်ကြပေ။ အရာအထောင်မကသော ဘုန်းကြီးကျောင်းတို့ကလည်း ဦးဥတ္တမကို လက်မခံ လိုကြပေ။ ရှေးရှေးက သိကျွမ်းဖူးသော အချို့အိမ်များကို သတိရသောအခါ ကြွသွားလျက် တံခါးကိုခေါက်၍ ခေါ်ရှာ၏။ ဖွင့်မပေးကြပေ။ ရှေးက ဦးဥတ္တမကြီး၏ ဆောင်ရွက်ခဲ့တာတွေကို မေ့ပျောက်ကုန်ကြပြီလော၊ မမေ့ကြသေး။ မျက်စိထဲ တရေးရေး မြင်နေကြတုန်းရှိသေး၏။ ဦးဥတ္တမ ကိုယ်တော်ကြီး ဆင်းရဲ ညစ်နွမ်းနေပုံကို မြင်သူတိုင်း စုတ်သပ်ကြ၏။ သို့သော် ၎င်း၏ဆင်းရဲရပုံအကြောင်းရင်းကို ယခုတိုင် မသိမြင်နိုင်သး။ မိမိ ကိုယ်ပိုင် အလိုရှိသလို သုံးစွဲနိုင်သော ငွေ အမြောက်အမြား ဘဏ်ထဲ၌ ရှိနေသည်ကို မေ့လျော့နေသည်ဟု တွေးလျှင် မှားမည်။ တိုင်းပြည်က ဦးဥတ္တမ ကိုယ်တော်ကြီး ရူးနေပြီဟု ဆိုကြသော် လည်း ပူးပူးကပ်ကပ်နေလျက် ဆရာတော်၏ ကိစ္စတို့ကို ဆောင်ရွက်ကူညီနေသူတို့ကကား အတိအ လင်းငြင်းပယ်ကြမည် အမှန်ဖြစ်၏။
ရှေးနည်းအတိုင်းပင် ဆရာတော်သည် မိမိ၏ ကိစ္စအ၀၀တို့ကို အထူး စေ့စပ်သေချာစွာ ပြုလုပ်ဆောင်ရွက်နေသည်ကို ကျွနု်ပ်တွေ့ရ၏။ ဘာတစ်ခုမျှ သတိလစ်ဟင်းသည်ကို မတွေ့ခဲ့ရပေ။ လွန်ခဲ့သောနှစ်က ဆယ်လခန့် ဆရာတော်၏ အမှုကြီးငယ်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ဖူး၍ သိ၏။ မကြည့်ရက်သဖြင့် အဆင်းရဲမခံနိုင် တောင်းပန်ဖူး၏။ သို့သော် စာအုပ်စာတမ်း ရိုက်ထုတ်ရာမှ တစ်ပါး အခြား မိမိစားသောက်ရေးအတွက် ရန်ပုံငွေထဲမှ အသုံးပြုတော်မမူ၊ အခါတစ်ပါး စာရေးသူကိုယ် တိုင် ဆေးလိပ်တောင်းရာ "ငါ သိပ်အားနာတာပဲ၊ ဒီကနေ့တော့ ဆေးလိပ် မရှိသေးဘူး၊ နက်ဖြန်ခါကျရင် ငါရှာထားလိုက်မည်"ဟု မိန့်တော်မူ၏။ နောက်တစ်နေ့ သွားရာ ဆေးပြင်းလိပ် ဆယ်လိပ်ခန့် တွေ့ရပါသည်။ စုံစမ်းကြည့်ရာ ဆရာတော်ကိုယ်တိုင် မင်းတိုင်ပင် အမတ်တစ်ဦးထံမှ စာရေးသူအတွက် အလှူခံ လာကြောင်း သိရှိရ၍ ဝမ်းနည်းခြင်း၊ အံ့သြခြင်း ဖြစ်မိ၏။ ပုထုဇဉ်တို့ ပကတိ သဘာ၀ အားလျော်စွာ သုံးချင်စွဲချင် ချမ်းသာချင်ကြသည်သာတည်း။ သို့သော် ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်၍ကား အလွန်ပင် အစဉ်းစားရ ခက်၏။) လို့ ရေးသားထားခဲ့ပါတယ်။
👉 ရာဇဝင် channel ဟာ ရာဇဝင်၊ ပုံပြင်၊ သမိုင်း၊ ဖြစ်ရပ်မှန်များနဲ့ တစ်ခြားသော အနုပညာတွေရဲ့ ဖန်တီးမှုတွေရဲ့ အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံနဲ့ အများပြည်သူ ဗဟုသုတ ရစေဖို့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
🔴 ဒီ channel မှာတင်ဆက်ထားတဲ့ video ဖိုင်တချို့နဲ့ ဓာတ်ပုံမှတ်တမ်းတချို့ကို ကြည့်ရှု့သူများ ဗဟုသုတရစေရန်အတွက် အသုံးပြုထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မူရင်း ပိုင်ရှင်များအနေဖြင့် နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။
တကယ်လို့ ဓာတ်ပုံ၊ ဗီဒီယိုတွေရဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အကြောင်းတစ်စုံတစ်ရာ ရှိပါက အောက်ပါ Gmail ကို ဆက်သွယ်နိုင်ပါတယ်။
📞📞 ဆက်သွယ်ရန်- maungzawkhine83@gmail.com
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: