” အသက် ၅၀ ကျော်ပြီးနောက် ညဖက်ခြေထောက် ကြွက်တက်တာ ကာကွယ်ပေးနိုင်တဲ့ စူပါအစားအစာ ( ၅ ) မျိုး…”
Автор: Aungwin Hein
Загружено: 2025-11-16
Просмотров: 1636
ကြွက်တက်တာက အသက်အရွယ်မရွေး
ဖြစ်နိုင်ပါတယ်...။
ဒါပေမယ့် အသက် ကြီးလာလေ
အဖြစ်များလာလေဖြစ်တာကို
တွေ့ရပါတယ်...။
အသက် ၅၀ နောက်ပိုင်းဆိုရင်
ခပ်စိပ်စိပ် ဖြစ်လာပါတယ်...။
ညဘက် ခြေထောက်ကြွက်တက်တာဟာ
အိပ်ပျော်နေစဉ်အတွင်း
ခြေထောက်ကြွက်သားများ
ရုတ်တရက် တင်းမာလာသောအခါ
ဖြစ်ပွားလေ့ရှိပါတယ်...။
ဒါကို nocturnal leg cramps လို့လည်းခေါ်ပါတယ်...။
ညဘက် ခြေထောက်ကြွက်တက်တာဟာ
ခြေသလုံးကြွက်သားတွေနဲ့
သက်ဆိုင်လေ့ရှိပေမယ့်..
ခြေထောက် ( သို့မဟုတ် )
ပေါင်ကြွက်သားတွေမှာလည်း
ကြွက်တက်နိုင်ပါတယ်...။
တင်းမာနေသော ကြွက်သားကို
အားနဲ့ ဆန့်ထုတ်ခြင်းဖြင့်
နာကျင်မှုကို သက်သာစေနိုင်ပါတယ်...။
ကြွက်တက်တာဟာ များသောအားဖြင့်
ခဏတာသာ ကြာလေ့ရှိပါတယ်...။
စက္ကန့်အနည်းငယ်ကနေ
မိနစ်အနည်းငယ်အထိ ကြာနိုင်ပါတယ်...။
ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်တာက
အဓိက ဖြစ်စေနိုင်ပါတယ်...။
ရေဓာတ်ခန်းခြောက်ခြင်းက
အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုပါ...။
ဓာတ်ဆား (electrolytes)
မမျှတခြင်းကြောင့်လည်း ဖြစ်ပါတယ်...။
ကြွက်သားကျုံ့ဖို့အတွက်
ဓာတ်ဆားတွေ လိုအပ်ပါတယ်...။
*ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်* စတဲ့
ဓာတ်ဆားတွေ ဖြည့်တင်းပေးတာက
ကြွက်တက်တာကို သက်သာစေနိုင်ပါတယ်...။
မဂ္ဂနီဆီယမ်၊ ဗီတာမင်ဒီနဲ့
ဘီဗီတာမင်တွေ ချို့တဲ့ရင်
ကြွက်တက်နိုင်ခြေ များလာပါတယ်...။
သုတေသနတွေက
ကြွက်တက်ခြင်းကို
သွေးတွင်း မဂ္ဂနီဆီယမ်၊
ပိုတက်ဆီယမ်နဲ့ တစ်ခါတစ်ရံ
ကယ်လ်ဆီယမ်ဓာတ် နည်းတာနဲ့
ဆက်စပ်နေတယ်လို့ ဆိုပါတယ်...။
ဒီဓာတ်တွေ (ဓာတ်ဆား) ကို
အစားအစာ
( ဒါမှမဟုတ် )
ဖြည့်စွက်စာတွေနဲ့
ဖြည့်တင်းပေးနိုင်ပါတယ်...။
အခုပြောပြမှာကတော့ အကောင်းဆုံး
အစားအစာ အကြောင်းပဲ ဖြစ်ပါတယ်...။
Xxxxx
Dr. Aung Win Hein.
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: