နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်
Автор: နေ့စဥ်ခွန်အား - Our Daily Bread Myanmar
Загружено: 2025-12-17
Просмотров: 1342
ဘုရားသခင်ပေးအပ်သော ဆုကျေးဇူး
https://myanmar-odb.org/2025/12/18/gi...
/ myanmar.odb
/ ourdailybreadmyanmar
ယနေ့ဖတ်ရန်ကျမ်းချက် - ထွက်မြောက်ရာကျမ်း ၃၁:၁-၁၁
https://odb-ministries.org/bible/mm/r...
ထင်ဟပ်ဖော်ပြချက်
ဘုရားသခင်ပေးအပ်သော ဆုကျေးဇူး
ဣသရေလလူမျိုးတို့ ဘုရားသခင်၏ညွှန်ကြားချက်များကို လက်တွေ့ဖော်ဆောင်ရန် ပြင်ဆင်နေချိန်တွင် ဗေဇလေလနှင့် အဟောလျဘတို့၏အမည်များကို ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၅ မှ ၃၈ တွင် တွေ့ရသည်။ သို့သော် ပရိသတ်စည်းဝေးရာတဲတော်ကို(၃၁း၇) ဆောက်လုပ်ရာတွင်မူ ဘုရားသခင် အထူးဆုကျေးဇူး စွမ်းရည်ပေးထားသူများသာ(၆) ဆောက်လုပ်ရသည်မဟုတ်ပါ။ ယုဒတစ်မျိုးသားလုံး ပါဝင်လုပ်ဆောင်ရန် အခွင့်အရေးရရှိကြသည်။ မောရှေက “သင်တို့တွင် ထာဝရဘုရားအား လှူသောအလှူကို ပြင်ဆင်ကြလော့”ဟု မိန့်ကြားခဲ့သည်(၃၅း၅)။ ထိုအမိန့်သည် မိမိရှိသည့်အရာမှ ထုတ်နှုတ်ပေးရန်ဖြစ်ကြောင်း သတိပြုမှတ်သားပါ။ ဆက်လက်၍ မောရှေက “သင်တို့တွင် လိမ္မာသောသူရှိသမျှသည် လာ၍၊ ... ထာဝရဘုရား မှာထားတော်မူသမျှ အတိုင်း လုပ်ရကြမည်ဟု ဆင့်ဆို၏”(၁၀)။ မှတ်တမ်းအရ “မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသော စေတနာစိတ်သဘော ရှိသောသူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာတဲတော် လုပ်ဖို့....ထာဝရဘုရားအား လှူသောအလှူကို ဆောင်လျက်လာကြ၏”ဟု တွေ့ရပါသည်(၂၁)။ စွမ်းရည်ဖြစ်စေ၊ အချိန်ဖြစ်စေ၊ ပစ္စည်းဥစ္စာဖြစ်စေ တစ်စုံတစ်ခုကို ပေးရန် ဘုရားသခင်သည် ကျွန်ုပ်တို့ အသီးသီးအား ပြင်ဆင်ထားပေသည်။
စာရေးသူ - တင်မ်ဂပ်စ်ထက်ဖ်ဆန်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: