နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်
Автор: နေ့စဥ်ခွန်အား - Our Daily Bread Myanmar
Загружено: 2025-12-16
Просмотров: 1622
ဘုရားသခင်အတွက် တန်ဖိုးရှိသော
https://myanmar-odb.org/2025/12/17/pr...
/ myanmar.odb
/ ourdailybreadmyanmar
ယနေ့ဖတ်ရန်ကျမ်းချက် - ဟေရှာအနာဂတ္တိကျမ်း ၄၃:၁-၇
https://odb-ministries.org/bible/mm/r...
ထင်ဟပ်ဖော်ပြချက်
ဘုရားသခင်အတွက် တန်ဖိုးရှိသော
ဘုရားသခင်သည် သူနှင့် ပဋိညာဥ်ပြုထားသူများ၏ နောင်တမရှိ သစ္စာမဲ့ဖောက်ပြန်ခြင်းအတွက် သူတို့အား ဗာဗုလုန်သို့ နှစ်ပေါင်း ၇၀ ကျွန်ပြုဖမ်းဆီးခေါ်ဆောင်ခံစေခြင်းဖြင့်(ဟေရှာယအနာဂတ္တိကျမ်း ၃၉း၆-၇)ဆုံးမခဲ့သည်။ သို့သော် သူနှင့်ပဋိညာဥ်ဖွဲ့ထားသူများကို ဘုရားရှင်မမေ့လျော့သလို သူရွေးချယ်ထားသည့် လူမျိုးတော် တို့ကိုလည်း မစွန့်ပစ်ပါ။ ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၀ မှ အခန်းကြီး ၆၆ တွင် ပရောဖက် ဟေရှာယက ကျွန်ခံရာမှ ပြန်လာရမည့်အကြောင်းနှင့် ယုဒလူမျိုးတို့၏အနာဂတ် ပြန်လည် တည်ဆောက်ပေးမှုအကြောင်းများကို ဟောပြောခဲ့သည်။ အခန်းကြီး ၄၃ တွင် ဘုရားသခင်က ၎င်းတို့ကို ကတိတော်ပြည်သို့ ပြန်ပို့ဆောင်မည့်အကြောင်း ကတိပြုထားသည်။ သူတို့သည် ဆုံးမဒဏ်ခတ်ခံရသော်လည်း စွန့်ပစ်ခံရခြင်း မဟုတ်ပါ။ အဘယ့်ကြောင့် ဆိုသော် ဘုရားရှင်က “ငါသည် သင်တို့နှင့်အတူရှိသည်”(၅)ဟု မိန့်တော်မူသည်။ သူသည် ၎င်းတို့၏ဘုရားသခင်၊ ဖန်ဆင်းရှင်၊ အကွယ်အကာနှင့် ကယ်တင်ရှင် (၇-၁၅) ဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်၏သားသမီးများအနေဖြင့် ကျွန်ုပ်တို့ကြုံတွေ့ရသည့် စုံစမ်းစစ်ကြောခြင်းများကို ကြောက်စရာမလိုပါ။ ကျွန်ုပ်တို့ကို ဘုရားသခင်ပိုင်ဆိုင်ခြင်းကြောင့် ပျက်ပြယ်ခြင်း၊ ပျက်ကွက်ခြင်းမရှိသည့် သူ၏မေတ္တာတော်ကို ကျွန်ုပ်တို့ စိတ်ချနိုင်ပါသည်(၁-၃)။ “သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်းချစ်၏”(၄)ဟု ကိုယ်တော်မိန့်တော်မူသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့ကို ချစ်ပြီး ကျွန်ုပ်တို့ကို မမေ့လျော့ပါ။
စာရေးသူ - K.T. Sim
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: