တောင်သူတွေနဲ့ သက်ဆိုင်ရာ စိုက်ပျိုးရေးကျွမ်းကျင်သူတွေတစ်ရာသီလုံး စပါးအတူစိုက်ပျိုးကြမယ့်သင်တန်း...
Автор: Mya Yeik
Загружено: 2025-06-14
Просмотров: 135
မြန်မာနိုင်ငံဟာ ရှေးအကျဆုံးစပါးမျိုးရင်းတွေပေါက်ရောက်ရာ ရှားပါးဒေသထဲမှာပါဝင်သလို မြန်မာ့ဆန် စပါးဟာလည်း ပြည်တွင်းအဓိကစားသုံးသီးနှံဖြစ်ပြီး နိုင်ငံခြားဝင်ငွေရှာဖွေပေးနေတဲ့သီးနှံဖြစ်ပါတယ်။ ဆန်စပါးကို ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးစတဲ့အခြေခံအဆောက်အအုံနဲ့ ပြည်သူ့ ဝန် ဆောင်မှုလုပ်ငန်းတွေ အပြည့်အဝမရရှိကြတဲ့ ကျေးလက်နေပြည်သူတွေကစိုက်ပျိုးကြတာဖြစ်ပြီး ဈေး ကွက်အာမခံချက်မရှိတဲ့သီးနှံလည်းဖြစ်ပါတယ်။ ဒီလို အခြေနေတွေက သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပ ညာတွေနဲ့လည်းအလှမ်းဝေးစေတာမို့ အရေးကြီးတဲ့ စိုက်ပျိုးမှတ်တမ်းထားရှိဖို့ မြေဆီလွှာ ကောင်းမွန် အောင်ဆောင်ရွက်ဖို့၊ မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးဖို့၊ ပိုးမွှားနဲ့ ရောဂါတွေကို စနစ်တကျကာကွယ် နှိမ်နင်းဖို့၊ ရိတ်သိမ်းချိန်လွန်နည်းပညာတွေအသုံးပြု နိုင်ဖို့ခက်ခဲစေတာဖြစ်ပါတယ်။ ဒါကြောင့်မြန်မာ့ဆန် စပါးစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းဟာ တစ်နှစ်ကို စိုက်ဧက ၁၇သန်းစိုက်ပျိုးထုတ်လုပ်ပေမယ့်လည်း အ ရည်အသွေးမတည်ငြိမ်တာ၊ ပန်းတိုင်အထွက်နှုန်းရဖို့ နှစ်ပေါင်းများစွာ ရုန်းကန်ရတာ၊ စပါးစိုက်ပျိုးနိုင်တဲ့ အခြေနေ တစ်ဖြည်းဖြည်းကျဆင်းလာတာစတဲ့အခြေနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် စပါးသက်တမ်းအ လိုက် သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့နည်းပညာနဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာ တွေ့ရှိရတဲ့အခက်အခဲတွေကို နားလည် ကျွမ်းကျင်သူတွေနဲ့ မိုးစပါးတစ်ရာသီလုံးတိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်တဲ့ သင်တန်းကို အစိမ်းရောင်လမ်း ကဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: