DKBA နဲ့ ကျားဖြန့်လုပ်သားတွေ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-04-13
Просмотров: 151851
DKBA နဲ့ ကျားဖြန့်လုပ်သားတွေ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်/သံ)
ဧရာဝတီ၊ ဧပြီ ၁၃၊ ၂၀၂၅
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေနဲ့ ထိန်းသိမ်းထားတဲ့ ကျားဖြန့်လုပ်သားတွေအကြား ပစ်ခတ်မှု ဖြစ်ပွားနိုင်တဲ့ အခြေအနေအထိ ဧပြီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက မြဝတီမြို့နယ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
တရားမဝင် ကျားဖြန့်လုပ်ငန်းတွေကနေ နေရပ်ရင်းပြန်ပို့ဖို့ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၂၇၅ ဦးဟာ နေရပ်ရင်းနိုင်ငံတွေကို အမြန်ပြန်ပို့ဖို့ ဆန္ဒပြ တောင်းဆိုရာကနေ ဒီကနေ့ နေ့လည် ၁၂ နာရီ ၁၅ လောက်မှာ လုံခြုံရေး ယူထားတဲ့ DKBA တပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ထိန်းသိမ်းထားသူတွေထဲမှာ အများစုဟာ အီသီယိုးပီးယားနဲ့ တခြား အာဖရိကနိုင်ငံသား အများစုဖြစ်ပြီး DKBA အနေနဲ့လည်း ပြန်ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ သံရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေဆဲ ကာလ အတွင်းမှာ အခုလိုကြုံရတာဖြစ်တယ်လို့ သိရပါတယ်။
ဒီနိုင်ငံခြားသားတွေဟာ တရုတ်ကျားဖြန့်ဂိုဏ်းတွေမှာ လုပ်ကိုင်ခဲ့သူတွေဖြစ်ပြီး ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ ရှင်းလင်းရေး လုပ်ဆောင်နေတဲ့ စီမံကိန်း အတွင်း ၂ လကျော်အကြာ ထိန်းသိမ်းခံထားရသူတွေဖြစ်ပါတယ်။ ရှေ့မှာလည်း မြဝတီ ခရိုင် အတွင်းက ကျားဖြန့်လုပ်ငန်းတွေကတဆင့် သက်ဆိုင်ရာနိုင်ငံတွေကို နိုင်ငံခြားသား ၈ ထောင်ကျော် ပြန်ပို့ထားပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ ရုန်းရင်းဆန်ခတ် အခြေအနေတွေအကြောင့် ထိုင်းနိုင်ငံဘက်ကလည်း အထူးစစ်ဆင်ရေးတပ်တွေကို နယ်စပ်တလျှောက်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီး စောင့်ကြည့်ခဲ့ပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ မဖြစ်အောင်လည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကနေ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို နေရပ်ရင်း ပြန်ပို့ရေး နှောင့်နှေးနေမှုဟာ သက်ဆိုင်ရာနိုင်ငံတွေနဲ့ သံရုံးတွေရဲ့ တုန့်ပြန်မှုနဲ့သာ သက်ဆိုင်ပြီး တကယ်လို့ ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာမယ် ဆိုရင် တရားစွဲခံရမယ်လို့ ထိုင်းဘက်က ပြောပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး DKBA တာဝန်ရှိသူ တဦးဖြစ်တဲ့ စောစိုးမြင့်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #စောစိုးမြင့် #ကျားဖြန့် #မြဝတီ #DKBA #WhathappensInMyanmar
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: