စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို သုံးသပ်ချက် - BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: 2025-12-29
Просмотров: 39426
လုံခြုံရေးတင်းကျပ်ပြီး ကျင်းပခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ လူထုမဲပေးနှုန်း သိသိသာသာနည်းသလို မဲပေးသူတွေ တက်တက်ကြွကြွပါဝင်လှုံ့ဆော်တာလည်း မတွေ့ရဘူးလို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအဖြစ် ကာလရှည်လုပ်ကိုင်ခဲ့တဲ့ ရွေးကောက်ပွဲများဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်သလို နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ကိုထင်ကျော်အေးက ပြောပါတယ်။
ကိုထင်ကျော်အေးဟာ ပြီးခဲ့တဲ့ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေကို မြေပြင်မှာ စောင့်ကြည့်လေ့လာခဲ့သူဖြစ်ပါတယ်။ အခု စစ်တပ်ရဲ့ ရွေးကောက်ပွဲကိုတော့ လေ့လာတာမရှိဘဲ လုပ်ထုံးလုပ်နည်း လွဲချော်မှုတွေကိုတော့ ပြင်ပကနေ ဝေဖန်ထောက်ပြနေပါတယ်။
ဒါအပြင် စစ်တပ်က ရွေးကောက်ပွဲတွေကို အပိုင်းလိုက်ကျင်းပပြီး စနစ် ၂ မျိုးရောထွေးထားတဲ့ အပေါ် သူက ဘယ်လို ပြောထားလဲ။
လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုရဲ့ ဝိသေသနဲ့ ဂုဏ်သိက္ခာကဘာတွေလဲ။
ဒီဇင်ဘာ ၂၈ ရက် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ပြင်ပကနေ သတင်းအချက်အလက်စုဆောင်း စောင့်ကြည့်သူတစ်ဦးရဲ့ ပြောကြားချက်တွေကို ကြည့်နိုင်ပါပြီ။
#ဘီဘီစီမြန်မာပိုင်း #၂၀၂၅ရွေးကောက်ပွဲ #စစ်တပ်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: