NUG နဲ့ မိတ်ဖက်အဖွဲ့တွေ စုစည်းရေး ဘာလို့ ကြန့်ကြာနေတာလဲ - BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: 2025-12-28
Просмотров: 39545
NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ သီးသန့် မေးမြန်းခန်း
နှစ်ကုန် အထူး အစီအစဥ်အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ နိုင်ငံခြားရေး ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ သီးသန့် မေးမြန်းခန်းကို တင်ဆက်ပေးပါ့မယ်။
၂၀၂၅ ခုနှစ် တလျှောက်လုံး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဆက်လက် ရှိနေခဲ့ပါတယ်။ စစ်ရေး အသာစီးရနိုင်မှု ဒီရေ အတက်အကျကို စစ်တပ်နဲ့ စစ်တပ်ကို တိုက်ခိုက်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေ နှစ်ဘက်လုံး တွေ့ကြုံ ခဲ့ကြရပါတယ်။
နိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍမှာရော တော်လှန်ရေး အင်အားစုတွေ အတွက် သိသာ ထူးခြားတဲ့ တိုးတက်မှုမျိုး ရှိခဲ့လား
နိုင်ငံရေး စစ်ရေး တပ်ပေါင်းစု ဖွဲ့ရေး ဘာ့ကြောင့် ကြန့်ကြာနေလဲ၊ NUG ကို ဗမာကိုယ်စားပြု အဖွဲ့လို့ မြင်နေလို့လား၊ ဗဟို အစိုးရ အနေနဲ့ ရပ်တည်ပြီး ကျန် အင်အားစုတွေကို NUG အောက်ကိုသာ လာစေလိုတယ်လို့ ကျန် မိတ်ဖက်တွေက မြင်နေလို့လား
ဘန်ကောက်မှာလုပ်တဲ့ အွန်လိုင်း အလိမ်အညာ ကျားဖြန့် နှိမ်နှင်ရေး နိုင်ငံတကာ ညီလာခံမှာ စစ်တပ် ကိုယ်စားလှယ် ပါဝင်တာ ကြည့်ရင် စစ်အာဏာပိုင်တွေဟာ နိုင်ငံကို လွှမ်းခြုံ ကိုယ်စားပြုနိုင်တဲ့ “state actor” အဖြစ် နိုင်ငံတကာမှာ ဝင်ဆန့်နိုင်တဲ့ အခွင့်အလမ်း ရှိလာတာမျိုးလား။ ဒါကို တန်ပြန်ပြီး ကမ္ဘာလွှမ်းခြုံ အန္တရာယ် အွန်လိုင်းအလိမ်အညာ ဂိုဏ်းတွေကို ကိုင်တွယ်ရေးမှာ NUG အတွက် အခန်းကဏ္ဍ ရှိလား
စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ အလွန် အစိုးရ ပေါ်လာပြီ ဆိုရင် ဒေသတွင်း အာဆီယံမှာရော၊ ကုလသမဂ္ဂ မျက်နှာစာ မှာပါ တရားဝင်မှု legitimacy နဲ့ နိုင်ငံကို ကိုယ်စားပြုနိုင်ခွင့် ပိုပြီး အားသာသွားမလား ... ဒါကို NUG အနေနဲ့ ဘယ်လို ဗျူဟာမြောက် တုံ့ပြန်လဲ ... စတဲ့ အရေးကြီးတဲ့ အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို ဒီဇင်ဘာ ၂၇ ရက်၊ မြန်မာစံတော်ချိန် ည ၈ နာရီ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့၊ ည ၈ နာရီ ခွဲ အချိန် ဘီဘီစီ မြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့် ပေးမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: