အမေရိကန် ယာယီနေထိုင်ခွင့် ရုပ်သိမ်းမှု ဘယ်လိုသက်ရောက်နိုင်လဲ (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-11-25
Просмотров: 14586
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံသားတွေအတွက် ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းကြောင်း ထုတ်ပြန်ချက်ဟာ မှားယွင်းတဲ့အချက်အလက်တွေအပေါ်မှာ အခြေခံထားတယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေက မှတ်ချက်ပြုပါတယ်။
အမေရိကန်အစိုးရ အမိမြေလုံခြုံရေးဌာန (Department of Homeland Security) ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံသားတွေ နေရပ်ပြန်ဖို့ လုံလောက်တဲ့အထိ တိုးတက်လာပြီ။ မြန်မာမှာ အရေးပေါ်အခြေအနေလည်း ကုန်ဆုံးသွားပြီဖြစ်ကာ အစိုးရလုပ်ငန်းလည်ပတ်မှုလည်း သိသိသာသာ တည်ငြိမ်လာပြီလို့ ပါရှိပါတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲနိုင်မှုတွေလည်းရှိလာပြီဖြစ်သလို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကိုလည်း ကျင်းပတော့မှာလို့ ဆိုထားပါတယ်။
အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားနေသူတွေကတော့ DHS ရဲ့ ဒီဆုံးဖြတ်ချက်ဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒသာဖြစ်ပြီး နိုင်ငံခြားရေး မူဝါဒပြောင်းလဲသွားတာမဟုတ်ကြောင်းပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ယာယီနေထိုင်ခွင့် #အမေရိကန် #မူဝါဒ #TPS
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: