Khit Thit သတင်းဌာန၏ မတ် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Автор: Khit Thit Media
Загружено: 2024-03-02
Просмотров: 1008607
Khit Thit သတင်းဌာန၏ မတ် ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၂ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် အဆင့်ကနေ ဗိုလ်ကြီးအဆင့်အထိ အရာရှိ ၁၉ ဦးဟာ အသီးသီး သေကုန်ကြပြီး ၊ နောက်ထပ် အရာရှိ ၁၇ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိထားတယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် နဲ့ တာချီလိတ်မြို့တွေမှာ လားဟူ နဲ့ အခါတိုင်းရင်းသား တွေကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းနေ ပြန်တယ် လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
နေပြည်တော် နဲ့ မန္တလေးတိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူတွေ စစ်မှု ထမ်းကြဖို့ စည်းရုံး စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး သန်းခေါင်စာရင်းမှာပါတဲ့ လူငယ်တွေ နေအိမ်မှာ မရှိရင် အိမ်ပြန်ခေါ်ထားကြဖို့ ခြိမ်းခြောက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: