Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Автор: Khit Thit Media
Загружено: 2024-01-19
Просмотров: 511580
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကောင်စီက အားပေးထောက်ခံမှုနဲ့ ပြုလုပ်တဲ့ ဘာသာရေးသွေးထိုး လှုံဆော်ဆန္ဒပြပွဲတခုမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရာထူးကဆင်းပေးပြီး ဒုစစ်ခေါင်းဆောင် ဒုကာချုပ်ကို ရာထူးလွှဲပေးရန် ပြောဆိုဟောပြောခဲ့တဲ့ မဘသဘုန်းကြီး ပေါက်ကိုယ်တော် အရိယဝံသကို အာဏာ သိမ်းစစ်ကောင်စီတပ်က ဒီကနေ့မှာ ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အဝင် ရထားသံလမ်းဂိတ်က စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေသွားတယ်လို့ Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ကာတွန်းက ပြောပါတယ်။
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မိုးမိတ်မြို့မစျေး မီးလောင်ပျက်စီးကာ ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိ နေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး စစ်သားတွေလိုက်ပါလာတဲ့ FAW ကားနဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: