ပေါ်တာဆွဲဖမ်းဆီးခံသူ လူငယ် ၄ဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်
Автор: Connect Burma
Загружено: 2025-11-18
Просмотров: 40
ပေါ်တာဆွဲဖမ်းဆီးခံသူ လူငယ် ၄ဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်
Connect Burma | နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလမြို့နယ်အတွင်းက ဘူးကုန်း စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၄ဦး ကျွန်းလှအချုပ်ထောင်ကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
"အောက်တိုဘာ ၃၀ ရက်နေ့က ဘူးကုန်းဂိတ်မှာ စစ်ဆေးဖိုဆိုပြီး ခြောက်ပေါက်ချဖမ်းခံရတာ၊၄ရက်လောက် ခြောက်ပေါက်ချပြီး နိုဝင်ဘာ ၃ ရက်နေ့ကမှ ၆ဘီးကားနဲ့ ပိုတာ အားလုံးပေါင်း ကားပေါ်မှာပါ်တာဆွဲဖမ်းထားတာ ၂၀ ကျော်ပါတယ်၊ဇီးကုန်းဘက်ဂိတ်တစ်ခုကနေလဲ ဖမ်းထားတဲ့ မိန်းကလးတစ်ယောက်တင်ပေးလိုက်သေးတယ်၊ကန့်ဘလူရောက်မှ Fawကားကြီးပြောင်းပြီး ကျွန်းလှပိုတာ၊ကျွန်းလှမြိုအဝင် ဆိုင်းဘုတ်နားက ချောင်းစပ်၄ပေပတ်လည် အခန်း၂ခန်းတွဲမှာ လူ ၃၀ ကျော်ထားတာ၊ဦးဇင်းတစ်ပါးလဲ အဲ့ဒီမှာဖမ်းထားသေးတယ်ဗျ" လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၂၁နှစ်အရွယ် လူငယ်က ပြောပါတယ်။
ဗီဒီယို - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
#ConnectBurma
#ကန့်ဘလူမြို့နယ် #စစ်တပ်ပေါ်တာဆွဲ #ထွက်ပြေးလွတ်မြောက်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: