တောတောင်သဘာ၀ထဲက တိုက်ကြီးရေတံခွန်
Автор: myanmaradventure traveler
Загружено: 2025-06-07
Просмотров: 21873
ရန်ကုန်ကနေ ၂ နာရီလောက်သွားရုံနဲ့ စိမ်းစိုလန်းဆန်းတဲ့ တောတောင်သဘာ၀ရှုခင်းတွေ ကို ကြည့်ရှုခံစားနိုင်တဲ့အပြင် သဘာ၀ရေတံခွန်တစ်ခုလည်းရှိတဲ့ နေရာလေးတစ်ခု ရှိပါတယ်။ အဲဒီနေရာလေးကတော့ တိုက်ကြီးမြို့မှာရှိတဲ့ တိုက်ကြီးရေတံခွန်ပဲဖြစ်ပါတယ်။ ရေတံခွန်ကိုသွားရတဲ့ လမ်းတစ်လျှောက်ဟာလည်း စိမ်းလန်းတဲ့ သစ်ပင် သစ်တောတွေ၊ ကျယ်ဝန်းတဲ့ ဥယျာဉ်ခြံမြေတွေကို ဖြတ်ပြီးသွားရတာဖြစ်တဲ့အတွက် လမ်း တစ်လျှောက်လုံး ငေးရင်း မောရင်းနဲ့ စိတ်ကြည်နူးစရာကောင်းလှပါတယ်။ ဒါကြောင့် ဝေးဝေးလံလံ ခရီးမထွက်နိုင်သေးတဲ့သူတွေအတွက် ရန်ကုန်မြို့နဲ့အနီးဆုံးမှာရှိနေတဲ့အပြင် အပန်းဖြေလို့လည်းကောင်းတဲ့ သဘာ၀ရေတံခွန် နေရာလေးကို ဖော်ထုတ် တင်ပြလိုက်ရ ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: