Khit Thit Evening News | January 18, 2026
Автор: Khit Thit Media
Загружено: 2026-01-18
Просмотров: 453734
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် လူတွေကို အတင်း အဓမ္မ နှင်ထုတ်တာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု မမြောက်ဘူးလို့ စစ်တပ် ကိုယ်စားလှယ်တွေက ICJ တရားရုံးမှာ ခုခံ လျှောက်လဲတယ်လို့ သိရပါတယ်။
-တက်ကြွလှုပ်ရှားသူတွေရဲ့ ဖိအားနှင့် သတင်းမှားတွေ ကြောင့် မွတ်ဆလင်တွေမှာ နိုင်ငံသားစိစစ်မှု ခံယူမယ့် ကတ်ပြား NVC လျှောက်ထားမှုကို ငြင်းဆန်နေ ကြတယ်လို့ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ICJ ကြားနာမှုမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်မှာရှိတဲ့ အကျဉ်းထောင်တစ်ခုက စစ်သုံ့ပန်းအကျဉ်းသား ၈၀ ခန့်ထောင်ဖောက် ထွက်ပြေးသွားပြီး လက်နက် ၉ လက်လည်းပါသွားတ ယ်လို့ IEC အထွေထွေအတွင်းရေးမှူး -၂ ဗညား ခွန်အောင်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂရင်းလန်းကျွန်းအရေးမှာ မိမိဘက်က မရပ်တည်တဲ့ ဥရောပနိုင်ငံ တွေကို အခွန်တိုးမြှင့်မယ်လို့ ခြိမ်းခြောက်လိုက်ပြီးနောက်၊ ဥရောပသမဂ္ဂ (EU) လွှတ်တော်အမတ်တွေဟာ အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို အတည်မပြုဘဲ ပိတ်ဆို့ဖို့ ပြင်ဆင်နေကြ တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: