မဲပေးခဲ့ရတာကို ရှက်တယ် (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-12-28
Просмотров: 62205
စစ်ကော်မရှင်ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ မဲသွားပေးခဲ့ရတဲ့ ပြည်သူတဦးအနေနဲ့ အရှက်ရမိတယ်လို့ ရန်ကုန်မြို့ရောက် စစ်ရှောင်တဦးက ဧရာဝတီကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကျင်းပမယ်လို့ ဆိုထားပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ ဒီနေ့မှာ အပိုင်း ၁ အနေနဲ့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပနေတာဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ များကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကို ပြဋ္ဌာန်းပြီး ဖမ်းဆီးနှိပ်ကွပ်မှုတွေလည်း ပြုလုပ်နေပါတယ်။
ပြည်သူတွေဟာ မဲသွားမပေးဘူးဆိုရင် အရေးယူခံရမှာကို စိုးရိမ်မှုတွေရှိနေသလို ခြိမ်းခြောက်ခံရမှုတွေကြောင့် မဖြစ်မနေ မဲသွားပေးခဲ့ရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲသွားပေးခဲ့သူတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
(ကာယကံရှင်ရဲ့ လုံခြုံရေးအရ အသံကိုဖျက်ပေးထားပါတယ်။)
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #ဆန္ဒမဲ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: