Feminism is for ALL Webinar | Purple Feminists Group
Автор: Purple Feminists Group
Загружено: 2025-08-04
Просмотров: 99
ကမ္ဘာတဝှမ်းက လိင်စိတ်မတူကွဲပြားတဲ့ LGBTQIA+ ကွန်မြူနတီမှ တစ်ဦးတစ်ယောက်ချင်းစီရဲ့ဖြစ်တည်မှုကို အသိအမှတ်ပြုသောအားဖြင့် ဇွန်လ Pride Month အထိမ်းအမှတ်အဖြစ် ၂၉ရက်နေ့က Purple Feminists Group မှ ကျင်းပပြုလုပ်ခဲ့တဲ့ 𝗙𝗲𝗺𝗶𝗻𝗶𝘀𝗺 𝗶𝘀 𝗳𝗼𝗿 𝗔𝗟𝗟 Webinar လေးကို ဇွန်လ ၂၉ရက်နေ့က အောင်မြင်စွာနဲ့ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီ webinar လေးမှာ ဖီမနစ်ဇမ်ရဲ့ အနက်အဓိပ္ပာယ်ကို တူးဆွပြီး ကိုယ့်ဖြစ်တည်မှု၊ ရှင်သန်ရာ၊ အသုံးပြုကြတဲ့ဘာသာစကားနဲ့ သင်ကြားရတဲ့ပတ်ဝန်းကျင်က ကိုယ့်ဖြစ်တည်မှုကို ဘယ်လောက်ထိ သက်ရောက်လဲ၊ မတူကွဲပြားမှုကြောင့် ကြုံတွေရတဲ့ဖိနှိပ်မှုတွေက တစ်ယောက်နဲ့တစ်ယောက်အပေါ် သက်ရောက်မှု မတူညီပုံ၊ အလွှာထပ်နေတဲ့ဖိနှိပ်မှုတွေကို နားလည်ဖို့နဲ့ မတရားမှုတွေကို မုန်းတီးဖို့က ဖီမနစ်ဇမ်ရဲ့သင်ကြားမှုတစ်ခုပဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။
လိင်အခြေပြုဖိနှိပ်မှုဖြစ်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံအလျောက် ယောက်ျားတွေကသာ သာလွန်မြင့်မြတ်တယ်၊ အမလိင်ရှိခြင်းက နိမ့်ကျတယ်၊ တခြားသောလိင်စိတ်ခံယူမှုရှိနေခြင်းက ပုံမှန်မဟုတ်နေတဲ့နေထိုင်မှုဆိုတဲ့ သတ်မှတ်ထားတဲ့ ဖိုစံနှုန်းတွေကို ဖိုဝါဒီက စနစ်တကျတည်ဆောက်ပြီး ဖိနှိပ်မှုကို အသက်သွင်းထားတာ ဖြစ်တယ်။ တည်ရှိနေတဲ့စနစ်က ယိုယွင်းနေတဲ့ စနစ်မဟုတ်ဘဲ ဖိနှိပ်သူတွေကသာ တည်ဆောက်ခဲ့တဲ့ စနစ်ကို ဖြိုချဖို့က ဖီးမနစ်တွေရဲ့တာဝန်ဖြစ်တယ်။ ဒီလိုစနစ်ထဲမှာ ရှင်သန်လာတဲ့လူသားတွေကို မတူညီတဲ့ဘက်ပေါင်းစုံကနေ ဖိနှိပ်နေတယ်ဆိုတာကို သတိထားဖို့နဲ့ မေးခွန်းထုတ်နေဖို့က ဖီမနစ်ဇမ်ကို လေ့လာခြင်းရဲ့အနှစ်သာရ ဖြစ်ပါတယ်။ ဖီးမနစ်လှုပ်ရှားမှုဆိုတာ အမျိုးသမီးတွေအတွက်ပဲ လွတ်မြောက်ရေးမဟုတ်ဘဲ ဖိုဝါဒစနစ်အောက်မှာရှိနေရတဲ့ လိင်အခြေပြုဖိနှိပ်မှုတွေကို တော်လှန်ဖို့နဲ့ ကိုယ့်ရဲ့ဖြစ်တည်မှု၊ ကိုယ့်ဖြစ်တည်မှုကို ပိုမိုနားလည်လာဖို့ လုပ်ဆောင်တဲ့အရွေ့တစ်ခုသာဖြစ်ပါတယ်။ ဒါတွေကတော့ ပွဲမှာ အဓိကဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာအကျဥ်းချုပ်ပဲဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့တဲ့သူတွေအနေနဲ့လည်း ပြန်လည်ကြည့်ရှုပြီးနားဆင်နိုင်အောင် ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။
ယခုဗီဒီယိုကနေတဆင့် တွေးစရာရှုထောင့်အသစ်တွေ ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ PFG အနေနဲ့ နောက်ထပ်လည်း ဒီလိုအဓိပ္ပါယ်ရှိတဲ့စကားဝိုင်းလေးတွေကို ထပ်မံခေါ်ဆောင်လာနိုင်အောင်လည်း တတ်စွမ်းသမျှကြိုးပမ်းသွားပါမယ်လို့ ကတိပြုပါတယ်။
ဖိနှိပ်မှုတွေကင်းဝေးပြီး ချစ်ခြင်းမေတ္တာဖြင့် လွှမ်းခြုံသော ကမ္ဘာတစ်ခုကို ဖန်တီးကြပါစို့။
____________
Follow us
PFG Facebook : / purplefeminist
Instagram : / pfgmyanmar
Website : https://purplefeminist.org/
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: