Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

မိုးကုတ်မြို့ရဲ့ သတင်းစကား | People's Spring

Автор: People's Spring

Загружено: 2025-11-08

Просмотров: 403849

Описание:

မိုးကုတ်မြို့ရဲ့ သတင်းစကား

နေ့သစ်/People's Spring

မိုးကုတ်မြို့ကပြည်သူတွေက စစ်အုပ်စုကိုရော နိုင်ငံတစ်ဝန်းက ပြည်သူတွေကိုပါနောက်တကြိမ် အံအားသင့်စေခဲ့ပြန်ပါတယ် ။

TNLA က စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီချက်မှာ မြို့ကနေ ဆုတ်ခွာပေးရမယ်ဆိုတဲ့အတွက်TNLA ကဘယ်လိုလုပ်မလဲ ၊ PDF တွေက ဘယ်လိုခုခံမလဲ ဆိုတာကို အားလုံးစောင့်ကြည့်နေကြပါတယ် ။အဲဒီအချိန်မှာ မိုးကုတ်မြို့က ပြည်သူတွေက သူတို့ရဲ့ ဆန္ဒကို ပြတ်ပြတ်သားသားထုတ်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ အသံမဲ့ ပြည်သူတွေရဲ့ အင်အားဘယ်လောက်ကြီးမားတယ် ဆိုတာကို စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေကြားကနေ ရဲရဲရင့်ရင့် ထုတ်ဖော်ပြလိုက်တာပါ ။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကပြည်သူတွေက မြို့ထဲ စစ်တပ်ပြန်ဝင်လာမှာကို လက်မခံကြောင်းနဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ဖော်ထုတ်ပြသတဲ့အနေနဲ့ နိုဝင်ဘာ ၆ ရက် ည ၈နာရီမှာ မြို့လုံးကျွတ် သံပုံးတီးဆန္ဒပြခဲ့ကြတာပါ။ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးကာစ နိုင်ငံတစ်ဝန်း ပြည်သူတွေက သံပုံးတီးဆန္ဒပြခဲ့ကြတာကို ပြန်အမှတ်ရစေခဲ့ပါတယ် ။

ဒီတော်လှန်ရေးဟာ လူထုတော်လှန်ရေးဖြစ်တာမို့ စစ်အာဏာရှင်စနစ် ဆက်လက်တည်ရှိနေသမျှ ကာလပတ်လုံး သံပုံးတီးလှုပ်ရှားမှု နည်းနာကို တနိုင်ငံလုံး စည်းလုံးညီညွတ်စွာနဲ့ အခွင့်အခါသင့်ရင် သင့်သလို အသုံးပြုပြီး ညီညွတ်စွာတော်လှန်ကြရမယ်လို့ General Strike Coordination Body - GSCBက ထုတ်ပြန်ထားပါတယ်။

သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းကလည်း မိုးကုတ်ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို လုံးဝ ဆန့်ကျင်ကြောင်း၊ အာဏာသိမ်း စစ်အုပ်စုက မိုးကုတ်မြို့ထဲကို ပြန်လည်ဝင်ရောက်လာမှာကို လုံးဝ လက်မခံကြောင်း ဒီလူထုလှုပ်ရှားမှုကနေ ဖော်ထုတ်ပြသခဲ့ကြခြင်း ဖြစ်ပါတယ်လို့ ရေးသားထားပါတယ်။

မိုးကုတ်မြို့အရေးမှာ တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေတာနဲ့ စစ်အုပ်စုထံ TNLAက ပြန်အပ်တာကို ကန့်ကွက်တဲ့အနေနဲ့ မြို့ခံတွေက သံပုံးတီးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ မြို့ခံတချို့က People’s Spring ကို ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်တဲ့ မြို့ခံတစ်ဦးက ‘ငါတို့မြို့ကို ငါတိုပိုင်တယ်။ တရုတ်ရဲ့ စွက်ဖက်မှု ကိုရော စစ်ကော်မရှင် ဝင်လာမှာကိုရော လက်မခံနိုင်ကြောင်း သံပုံးတီးပြီး ဆန္ဒ ဖော်ထုတ်တာ။ နောက်ရက်တွေမှာ ဒီထက်ပိုပြင်းထန်မယ်’လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မြို့သိမ်းတိုက်ပွဲအောင်ပွဲရချိန်မှာလည်း မြို့ခံတွေဟာတော်လှန်ရေးတပ်တွေကို သပြေပန်းတွေနဲ့ ကြိုဆို ဂုဏ်ပြုပေးခဲ့ပြီး တစ်နိုင်ငံလုံးကို အပျော်တွေ ကူးစက်စေခဲ့ပါတယ် ။ မြို့အတွက် အခုလို အကြပ်အတည်းရင်ဆိုင်နေရချိန်မှာလည်း ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို လက်မခံပဲ လွတ်လပ်မှု နဲ့ ဒီမိုကရေစီကိုလိုလားကြောင်း သတ္တိရှိရှိ ဆန္ဒထုတ်ပြ လိုက်ကြတာဖြစ်ပါတယ် ။

မိုးကုတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ ဇူလိုင်လကုန်ပိုင်းမှာ တအာင်းတပ်မတော်(TNLA)နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ခဲ့တဲ့မြို့ဖြစ်ပါတယ်။TNLA နဲ့အတူ မိုးကုတ်မို့သိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၊ မိုးကုတ်ဗျူဟာ ၊ မိုးကုတ်ပကဖ ၊ PLA စတဲ့ မဟာမိတ်တပ်တွေပါဝင်ခဲ့ကြပါတယ် ။မြို့သိမ်းပြီးနောက်မှာ မြို့အုပ်ချုပ်ရေးကို TNLAက ဦး‌ဆောင်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော် အဖွဲ့ဝင်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ၊ဒုတိယလှိုင်း မှာ မဟာမိတ်တပ်တွေနဲ့အတူမြို့ပေါင်း၁၂ မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ရှမ်းမြောက်မှာ မြို့တွေအပြင် မန္တလေးတိုင်းက ကမ္ဘာကျော်ပတ္တမြားထွက်ရှိရာမိုးကုတ်မြို့ နဲ့ မိုးမိတ်မြို့တွေပါ ပါဝင်ခဲ့ပါတယ် ။

စစ်တက္ကသိုလ်တွေရှိတဲ့ပြင်ဦးလွင်မြို့ နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာ မန္တလေးမြို့တွေ က စစ်တပ်စခန်းတွေ ၊တပ်ရင်းတွေ ၊တပ်ရင်းဌာနချုပ်တွေကိုပါ တော်လှန်ရေးလှိုင်း လုံးတွေကခြိမ်းခြောက် နိုင်ခဲ့ပေမယ့် ၂၀၂၄ သြဂုတ်လကစပြီး တရုတ်အစိုးရရဲ့ဖိအားကြောင့်အခြေအနေတွေကပြောင်းလဲသွားပါတယ် ။

တရုတ်အစိုးရရဲ့ဖိအားတွေကြောင့် MNDAA ဟာ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို ၂၀၂၄ သြဂုတ်လဆန်းကစပြီး ထိုးစစ်တွေရပ်လိုက်ရပါတယ် ။ ဖြတ်ငါးဖြတ် နဲ့ တရုတ်ရဲ့ပြင်းထန်တဲ့ ဖိအားကြောင့် MNDAA က ၂၀၂၅ ဧပြီလ မှာ လားရှိူးမြို့ကို ကျည် ၁ ချက်မဖောက်ရပဲစစ်တပ်ကိုလက်လွှဲပေးပြီး အပစ်ရပ်ခဲ့ရပါတယ်။

MNDAA အပစ်ရပ် သွားတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ တစ်ဖွဲ့တည်းကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ TNLA ပေါ် တရုတ်အစိုးရရဲ့ ပြင်းထန်တဲ့ဖိအားတွေကျရောက်လာပါတယ် ။ တရုတ်ဖိအားကြောင့် မန္တလေးတိုင်းနဲ့ ရှမ်းမြောက်အစပ်က တောင်းခမ်းအထိရောက်နေတဲ့ TNLA နဲ့ မဟာမိတ်တပ်တွေရဲ့ထိုးစစ်တွေဟာရပ်တန့်သွားရပါတယ် ။

MNDAA ၊ TNLA ကို ထိုးစစ်တွေဆက်မလုပ်ဖို့ တရုတ်ကဖိအားပေးသလို တစ်ဖက်မှာ စစ်တပ်ကို ငွေကြေး ၊လက်နက် ၊နည်းပညာကနေ ဒရုန်းတွေ ၊လေယာဉ်တွေအထိ တရုတ်ကကူညီပေးခဲ့ပါတယ်။တရုတ်က လက်ကိုကျိုးနဲ့ချီပေးပြီး စစ်တပ်နဲ့ ထိုးခိုင်းတဲ့ အခြေအနေကြောင့် TNLA နဲ့မဟာမိတ်တွေဟာလည်း တောင်းခမ်းကနေ နောင်ချို ၊သီပေါ ၊ကျောက်မဲ မြို့တွေကို စစ်ရေးနိမ့်ပြီး လက်လွှတ်ပေးခဲ့ရပါတယ် ။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

  / subscribe  
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA

မိုးကုတ်မြို့ရဲ့ သတင်းစကား | People's Spring

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Ye Baw Moe Nyo's Epic Police Truck Leap: Escaping a 223-Year Sentence?

Ye Baw Moe Nyo's Epic Police Truck Leap: Escaping a 223-Year Sentence?

ပြည်တွင်းနဲ့နိုင်ငံတကာ ထူးခြားသတင်းများ | People's Spring

ပြည်တွင်းနဲ့နိုင်ငံတကာ ထူးခြားသတင်းများ | People's Spring

ဘိန်းဘုရင် နဲ့ Scam ဘုရင်တွေ ခိုလှုံရာ စစ်ဗိုလ်ချုပ်တွေ ရင်ခွင်

ဘိန်းဘုရင် နဲ့ Scam ဘုရင်တွေ ခိုလှုံရာ စစ်ဗိုလ်ချုပ်တွေ ရင်ခွင်

TNLA ဆုတ်ခွာမည့် မိုးကုတ်ကံကြမ္မာ နှင့် PDF တို့၏ စိန်ခေါ်ချက် (Editorial Talk)

TNLA ဆုတ်ခွာမည့် မိုးကုတ်ကံကြမ္မာ နှင့် PDF တို့၏ စိန်ခေါ်ချက် (Editorial Talk)

Myanmar Morning Headlines: TNLA Deployment & Deadly Attack on Military Convoy in Sarlingyi

Myanmar Morning Headlines: TNLA Deployment & Deadly Attack on Military Convoy in Sarlingyi

အဘသားတွေ ၃၅၀ သေ (649) (Part-2) (26.11.25) #seinthee #revolution #စိန်သီး #myanmar

အဘသားတွေ ၃၅၀ သေ (649) (Part-2) (26.11.25) #seinthee #revolution #စိန်သီး #myanmar

BBC Newsမြန်မာ နိုဝင်ဘာ ၂၇၊ ၂၀၂၅ #ဘီဘီစီ #မြန်မာပိုင်း #ကမ္ဘာ့သတင်း #khitthitmedia

BBC Newsမြန်မာ နိုဝင်ဘာ ၂၇၊ ၂၀၂၅ #ဘီဘီစီ #မြန်မာပိုင်း #ကမ္ဘာ့သတင်း #khitthitmedia

Myanmar Politics Reaction: Junta Actions That Make No Sense

Myanmar Politics Reaction: Junta Actions That Make No Sense

#မြန်မာနိုင်ငံ၏ နောက်ဆုံးရသတင်းများ | Myanmar Latest News | Politics, Economy & Daily Updates

#မြန်မာနိုင်ငံ၏ နောက်ဆုံးရသတင်းများ | Myanmar Latest News | Politics, Economy & Daily Updates

Kachin Update: Heavy Clashes Between KIA and Junta Forces in Hpakant

Kachin Update: Heavy Clashes Between KIA and Junta Forces in Hpakant

နောက်ဆုံးရနိုင်ငံတကာသတင်းများ/ People's Spring

နောက်ဆုံးရနိုင်ငံတကာသတင်းများ/ People's Spring

စစ်တပ်နှင့် တော်လှန်ရေးတပ်များ အားပြိုင်မှုကို မြင်ရမည့် မိုးကုတ်၊ မိုးမိတ်

စစ်တပ်နှင့် တော်လှန်ရေးတပ်များ အားပြိုင်မှုကို မြင်ရမည့် မိုးကုတ်၊ မိုးမိတ်

နိုဝင်ဘာ(၂၇)ရက်နေ့ သတင်းများ

နိုဝင်ဘာ(၂၇)ရက်နေ့ သတင်းများ

Min Aung Hlaing

Min Aung Hlaing

ကျားဖြန့်တိုက်ဖျက်​ရေးအ​မေရီကန် ဝင်လာပြီး ​​နောက်ဝယ် .... | People's Spring

ကျားဖြန့်တိုက်ဖျက်​ရေးအ​မေရီကန် ဝင်လာပြီး ​​နောက်ဝယ် .... | People's Spring

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ပြန်လာပြီး ရွေးကောက်ပွဲမှာ မဲပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ပြန်လာပြီး ရွေးကောက်ပွဲမှာ မဲပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Mogok - မိုးကုတ်အကြောင်း ပြောကြမယ် .

Mogok - မိုးကုတ်အကြောင်း ပြောကြမယ် .

Myanmar Update: Military Forces Face Intense Attacks in Sagaing

Myanmar Update: Military Forces Face Intense Attacks in Sagaing

Min Aung Hlaing's Trap

Min Aung Hlaing's Trap

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]