Khit Thit Afternoon News | January 20, 2026
Автор: Khit Thit Media
Загружено: 2026-01-19
Просмотров: 89412
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိပြီး ပြည်ပချေး ငွေတွေ ဆပ်နေရတဲ့အပြင် GDP မှာလည်း လျော့နည်းနေတယ်လို့ အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့က မြန်မာတွေအနေများ တဲ့နေရာကို နှုတ်ခမ်းမွှေး ခေါင်ဆောင်တဲ့ ထိုင်းမျိုးချစ် အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာတချို့ ကိုယ်ထိလက်ရောက် စော်ကားခံရတယ်လို့ ထိုင်းရောက် မြန်မာတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တွေလို့ သံသံယရှိတဲ့ တရုတ်နိုင်ငံသား တွေ သယ်ဆောင်လာတဲ့ ကားတစ်စီးဟာ စစ်ဆေးရေးကနေ လွတ်မြောက်ဖို့ ကြိုးစားရာကနေ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။
-တရုတ်မှာ အကျင့်ပျက်ခြစားမှုနဲ့ ထိပ်တန်းအရာရှိကြီး ၆၉ ယောက် အပါ အဝင် လူပေါင်း ၁ သန်းနီးပါး အရေးယူခံရတယ်လို့ သိရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ "ခြစားမှု တိုက်ဖျက်ရေး" စစ်ဆင်ရေးဟာ အခုဆိုရင် အရင်ကထက် ပိုပြီး ပြင်းထန်လာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: