Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

စစ်​ရေးအရ အ​ရေးပါလှတဲ့ အင်း​တော်နဲ့ဖလမ်း​အောင်ပွဲ | People's Spring

Автор: People's Spring

Загружено: 2025-04-12

Просмотров: 649072

Описание:

စစ်​ရေးအရ အ​ရေးပါလှတဲ့ အင်း​တော်နဲ့ဖလမ်း​အောင်ပွဲ

အညာသား၊ဟန်​နွေ/People's Spring

စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်မှာ စစ်​ရေးအရ အ​ရေးပါလှတဲ့ မြို့ ၂ မြို့ကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်နိုင်ခဲ့တဲ့အ​ကြောင်း ဒီတစ်ပါတ်​ပြောပြပါမယ် ။

၂၀၂၅ ​ဧပြီ ၇ ရက်​နေ့ဟာ ​နွေဦး​တော်လှန်​ရေးရဲ့အ​ရေးကြီး တဲ့​နေ့တစ်​နေ့အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ် ။စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်အစပ်မှာ စစ်​ရေးအရ အ​ရေးပါလှပြီး ၇ လတိုင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ အင်း​တော်မြို့ကို ​တော်လှန်​ရေးတပ်​တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ချင်းပြည်နယ်ရဲ့ ဒုတိယမြို့​တော်ဖြစ်တဲ့ ဖလမ်းမြို့ကို ချင်းညီ​နောင်နဲ့ မဟာမိတ်​တွေက ငါးလကြာထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်ခဲ့တာ​ကြောင့်ဖြစ်ပါတယ်။

ဒါအပြင် စစ်တပ်မှာ မာလှ ၊ကြမ်းလှပါတယ်ဆိုပြီး နာမည်းဆိုးနဲ့​ကျော်ကြားတဲ့ တပ်မ ၇၇ ကိုပါ​​​ တော်လှန်​ရေးတပ်​တွေက ​အောင်နိုင်ခဲ့တာဖြစ်ပါတယ်။

●အင်း​တော်မြို့သိမ်းတိုက်ပွဲ

ဒုတိယကမ္ဘာစစ်လက်ကျန် လိုဏ်ဂူဖြစ်တဲ့ ဂျပန်လှိုဏ်ဂူထဲမှာ စစ်တပ်က ခံစစ်အခိုင်အမာပြင်ပြီး လပေါင်းများစွာ ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်​တော်လှန်​ရေးတပ်​တွေဟာ လ​ပေါင်းများစွာခက်ခက်ခဲခဲထိုးစစ်ဆင်ခဲ့ရတာဖြစ်ပါတယ်။

၂‌၀၂၄ ဩဂုတ်လာထဲကစတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ဂျပန်လှိုဏ်ဂူ‌ကြောင့်ပဲ ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။ ဒီလှိုဏ်ဂူဟာ မန္တလေး-မြစ်ကြီးနားလမ်း‌ပေါ်မှာရှ်ိပြီး အတော်အသင့်ကြီးတဲ့ တောင်ထဲမှာ ဂျပန်​တွေက ကျကျနန ဆောက်ထားတာဖြစ်ပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို KIA၊ABSDFနဲ့ PDFတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့အစီအစဥ်နဲ့ ၂၀၂၄ ဩဂုတ်လ ၁၆ရက်မှာ စတင်ထိုးစစ်ဆင်တိုက််ခိုက်ခဲ့တာပါ။ တချိန်တည်းမှာပဲ​တော်လှန်​ရေးတပ်​တွေက ပင်လည်ဘူးမြို့ ၊ထီးချိုင့်မြို့​တွေကိုထိုးစစ်ဆင်ခဲ့ကြပါတယ် ။ ပင်လည်ဘူးမြို့ကို​တော့ ထိုးစစ်ဆင်ပြီရက်​ပေါင်း ၅၀ ​​ကျော်အကြာ ၂၀၂၄ ​အောက်တိုဘာ ၈ ရက်​နေ့မှာပဲ PDF ​တွေကအပြီးသတ်သိမ်းနိုင်ခဲ့ပါတယ်။ ဒါ​ကြောင့်အခုဆိုရင် တချိန်တည်းထိုးစစ်ဆင်ခဲ့တဲ့အထဲမှာ ပင်လည်ဘူး နဲ့ အင်း​တော်သိမ်းနိုင်ပြီ ဖြစ်ပါတယ် ။ထီးချိုင့်မြို့ပဲကျန်​တော့တာဖြစ်ပါတယ်။

စစ်ကောင်စီက အင်းတော်မြို့ခုခံစစ်ကို ပဲခူးတိုင်းအခြေစိုက်အမှတ်(၇၇)ခြေမြန်တပ်မကို တာဝန်ပေးခဲ့ပြီးတပ်မ(၇၇)အောက်မှာ တပ်ရင်း၅ရင်း၊ အင်အား ၇၀၀ခန့်အထိပို့ပြီး အင်း​တော်မကျ​အောင် ခုခံခဲ့တာဖြစ်ပါတယ်။ပူးပေါင်းတပ်တွေရဲ့မြို့သိမ်းစစ်ဆင်ရေးကို တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးက ဦးဆောင်ခုခံခဲ့ပါတယ်။

ပူးပေါင်းတပ်တွေက မြို့ထဲကစစ်ရေးပစ်မှတ်တွေကို မတိုက်ခိုက်ခင် ၂၀၂၄ ဇွန်လကစပြီး အင်းတော်မြို့ပတ်ချာလည်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။စစ်ရေးအရ အရေးပါတဲ့ အင်းတော်မြို့ နဘားလမ်းဆုံကို ဩဂုတ်လ ၂၂ရက်နဲ့ အင်းတော်မြို့မရဲစခန်းကိုဩဂုတ်လ ၂၄ရက်မှာ သိမ်းယူနိုင်ခဲ့တာပါ။ ရဲစခန်းကိုသိမ်းယူတဲ့တိုက်ပွဲမှာ နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် စစ်တပ်ကမတရားဖမ်းဆီးထားသူတချို့ကို အချုပ်ထဲကနေကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

●ဖလမ်းမြို့သိမ်းတိုက်ပွဲ

ချင်းပြည်နယ် မြောက်ပိုင်းမှာ စစ်ရေးအရ အရေးပါတဲ့ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေကအပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး ဖလမ်းမြို့နယ်မှာ စစ်​ကောင်စီကင်းစင်သွားပြီလို့ ချင်းညီ​နောင်က ဧပြီ ၉ ရက်​နေ့မှာ​ကြေညာလိုက်ပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး ဖလမ်း နဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာ ၉ရက်မှ တပြိုင်တည်းစတင်ခဲ့တာပါ ။ မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဖလမ်းမြို့ကိုတော့ ငါး လအကြာ ထိုးစစ်ဆင်ပြီး ဧပြီ ၇ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ဖလမ်းရဲစခန်းအပါအဝင်မြို့နဲ့ မြို့နယ်အတွင်း စစ်ကောင်စီ နေရာ အများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် နောက်ဆုံးကျန်နေတဲ့ အမှတ် ၂၆၈ ​ခြေလျင်တပ်ရင်း(ခလရ၂၆၈) ကိုတော့ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ကြရတာပါ။

၂၀၂၄ ဒီဇင်ဘာမှာ ခလရ(၂၆၈)ကို စစ်ကောင်စီက လူအင်အား တစ်ရာလောက် လေကြောင်းက ဖြည့်တင်းခဲ့ပါတယ်။ ​ရဟတ်ယာဥ်နဲ့ချပြီး မကြာခင်မှာကဲ အားလုံးနီးပါးကို ချင်းညီနောင်က စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ​နောက်ဆုံးကျန်တဲ့ ခလရ ၂၆၈ ကို စစ်ကူမပို့နိုင်​​အောင် ​တော်လှန်​ရေးတပ်​တွေက ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့ဝင်တွေသာမက စစ်ကိုင်း၊ မကွေး၊ ယောဒေသ က တော်လှန်ရေး တပ်ဖွဲ့​ပေါင်း ၁၇ ဖွဲ့လည်း ပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပညတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက မြို့သိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင် ပြီးမှ တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ချင်းပြည်နယ်မြို့တော် ဟားခါးနဲ့ မိုင်လေးဆယ်ကျော်အကွာမှာရှိတဲ့ ဖလမ်းဟာ စစ်ရေးအရလည်း အရေးပါလှပါတယ်။ဒါကြောင့် စစ်ကောင်စီဘက်က တပ်မ (၇၇ )လက်​အောက်က ခလရ (၃၉၁) နဲ့ ခလရ ၈၉ စစ်ကူ​တွေ အကြိမ်ကြိမ်ပို့ခဲ့သလို လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ ကျော် ပြုလုပ်ခဲ့ပါတယ် ။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

စစ်​ရေးအရ အ​ရေးပါလှတဲ့ အင်း​တော်နဲ့ဖလမ်း​အောင်ပွဲ | People's Spring

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

"တီးတိန်ရပြီဆိုရင် ချင်းညီနောင် ၆ဖွဲ့လုံး စစ်ကိုင်း၊ မကွေးမှာ ပါဝင်လာမယ်"

အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေနိဂုံးချုပ်ပြီ။

အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေနိဂုံးချုပ်ပြီ။

Этот вестерн покорил весь мир | Боевик | Вестерн | Фильм

Этот вестерн покорил весь мир | Боевик | Вестерн | Фильм

စစ်ခေါင်းဆောင်တွေအတွက် အိပ်မက်ဆိုးဖြစ်လာတဲ့ ကရင်နီဒေသ

စစ်ခေါင်းဆောင်တွေအတွက် အိပ်မက်ဆိုးဖြစ်လာတဲ့ ကရင်နီဒေသ

ပြည်တွင်းနဲ့နိုင်ငံတကာ ထူးခြားသတင်းများ | People's Spring

ပြည်တွင်းနဲ့နိုင်ငံတကာ ထူးခြားသတင်းများ | People's Spring

အသေခံ တိုက်မယ်ဆိုတဲ့ သပိတ်ကျင်း ချောင်းကြီးက ရဲကင်းမှူး စခန်းသိမ်းတော့ ထွက်ပြေး၊

အသေခံ တိုက်မယ်ဆိုတဲ့ သပိတ်ကျင်း ချောင်းကြီးက ရဲကင်းမှူး စခန်းသိမ်းတော့ ထွက်ပြေး၊

စစ်ကောင်စီရဲ့ လက်နက်စက်ရုံတွေ ခြိမ်းခြောက်ခံရတော့မလား

စစ်ကောင်စီရဲ့ လက်နက်စက်ရုံတွေ ခြိမ်းခြောက်ခံရတော့မလား

Боевые действия остановлены / Договор заключён

Боевые действия остановлены / Договор заключён

ပဲခူးတိုင်းထဲထိုး​ဖောက်ဝင်​ရောက်လာတဲ့ ​တော်လှန်​ရေးတပ်တွေရဲ့ထိုးစစ် | People's Spring

ပဲခူးတိုင်းထဲထိုး​ဖောက်ဝင်​ရောက်လာတဲ့ ​တော်လှန်​ရေးတပ်တွေရဲ့ထိုးစစ် | People's Spring

ကိုယ်ပိုင်ကျောင်းတစ်ခုရဲ့ ဖြစ်ရပ်ဆိုး

ကိုယ်ပိုင်ကျောင်းတစ်ခုရဲ့ ဖြစ်ရပ်ဆိုး

"စစ်တပ်ကိုပြန်​တော်လှန်​နေတဲ့ အဓမ္မစစ်သားသစ်စု​ဆောင်းခံရတဲ့လူငယ်" | People's Spring

တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်အရှိန်ပြန်မြှင့် | People's Spring

တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်အရှိန်ပြန်မြှင့် | People's Spring

အဖေက ဒူးထောက်တောင်းပန်တာတောင် မရဘူး

အဖေက ဒူးထောက်တောင်းပန်တာတောင် မရဘူး

အာဏာသိမ်းစစ်​တပ် စစ်ရှုံး​နေပြီလို့ ကမ္ဘာမီဒီယာကြီးတွေက စိတ်ဝင်တစားဖော်ပြလာ | People's Spring

အာဏာသိမ်းစစ်​တပ် စစ်ရှုံး​နေပြီလို့ ကမ္ဘာမီဒီယာကြီးတွေက စိတ်ဝင်တစားဖော်ပြလာ | People's Spring

🔥СВИТАН: ЛЮТЫЙ АД на РФ! Мадяр ВМАЗАЛ Путину: УТЮЖИТ базы Кремля. Зеленский отдал СРОЧНЫЙ ПРИКАЗ

🔥СВИТАН: ЛЮТЫЙ АД на РФ! Мадяр ВМАЗАЛ Путину: УТЮЖИТ базы Кремля. Зеленский отдал СРОЧНЫЙ ПРИКАЗ

“ကေအဲန်ယူထံ ဘက်ပြောင်းလာတဲ့ သုခစခန်းမှူး ကရင်ဗိုလ်ကြီး စစ်ကောင်စီကို ပြန်တိုက်မယ်”

“ကေအဲန်ယူထံ ဘက်ပြောင်းလာတဲ့ သုခစခန်းမှူး ကရင်ဗိုလ်ကြီး စစ်ကောင်စီကို ပြန်တိုက်မယ်”

Nationwide Operation နဲ့ နေပြည်တော်ခံစစ်စည်း

Nationwide Operation နဲ့ နေပြည်တော်ခံစစ်စည်း

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေဝင်ချိန် နီးပြီလား (Editorial Talk)

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေဝင်ချိန် နီးပြီလား (Editorial Talk)

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

ဖလမ်းတိုက်ပွဲအတွင်း စကစတပ်သားများအားလေယာဉ်တစ်စီးနှင့်မလဲနိုင်ဟုအထက်အရာရှိကပြောသည်ဟုစကစတပ်သားရင်ဖွင့်

ဖလမ်းတိုက်ပွဲအတွင်း စကစတပ်သားများအားလေယာဉ်တစ်စီးနှင့်မလဲနိုင်ဟုအထက်အရာရှိကပြောသည်ဟုစကစတပ်သားရင်ဖွင့်

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: infodtube@gmail.com