ထပ်ဆင့်ခွဲခြားမှုလား?
Автор: Phothagyan.archaung
Загружено: 2025-11-26
Просмотров: 8093
မန္တလေးမြို့မှာ မဟာတမန်တော်မြတ်ရဲ့ အတ္ထုပ္ပတ္တိ ထုတ်ဖော်ပွဲနဲ့ ငလျင်ကြောင့်ပြိုကျခဲ့တဲ့ ဗလီတွေ ပြန်ဆောက်ခွင့်ရရေး တောင်းဆိုတဲ့ အခမ်းအနား နိုဝင်ဘာလ ၂၆ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဘာသာ သာသနာဆိုင်ရာ ပညာရှင်တွေ အပါအဝင် အစ္စလာမ် ဘာသာဝင် အများအပြားတက်ရောက်တာကို မီဒီယာဖော်ပြချက်အရ တွေ့ရှိခဲ့ရပါတယ်။ သတင်းဗီဒီယိုကို ကြည့်ရင်း ကျနော် ဆွေးနွေးစရာ ကိစ္စရပ်တခု ရှိလာပါတယ်။ အဲ့ဒါက အခမ်းအနားကို တက်ရောက်လာသူတွေထဲမှာ အမျိုးသားတွေက ခုံတွေပေါ်မှာ ထိုင်ခွင့်ရပြီး အမျိုးသမီးတွေက ကြမ်းပေါ်မှာ ခုံမပါပဲ ထိုင်နေကြရတာကိုပါ။ ဘာသာရေးဆိုင်ရာအရ အမျိုးသမီးတွေက ဒီလိုထိုင်ရတာလား၊ (သို့မဟုတ်) ခွဲခြားမှုလား ဆိုတာကိုပါ။ အခုဗီဒီယိုမှာတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျနော့်အမြင်ကို ဆွေးနွေးထားပါတယ် ခင်ဗျ။
#Islam_in_Burma #Discrimination #Analysis #YeHeinAung #Mandalay
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: