Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

ဘေးလွတ်ရာသွား အိုလူသား - ဖြူးဆရာတော် ဦးနရပတိ

Автор: တရားတော်များ

Загружено: 2026-01-14

Просмотров: 111

Описание:

ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ပြည်တွင်းပြည်ပ မဟာစည်နာယက၊ ဖြူးမဟာစည်ရိပ်သာနှင့် ရန်ကုန်ဓမ္မရက္ခိတဖြူးမဟာစည်ရိပ်သာ ပဓာနနာယက ဆရာတော် ဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၃၀၃ (ခရစ်နှစ် ၁၉၄၂ ခုနှစ်) တပို့တွဲလပြည့်ကျော် ၈ ရက် စနေနေ့ (၇ ဖေဖော်ဝါရီလ ၁၉၄၂) တွင် မြန်မာနိုင်ငံအထက်ပိုင်း ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပင်စိမ်းကင်းကျေးရွာတွင် အဖ ဦးဘလွင်၊ အမိ ဒေါ်မေတို့မှ မွေးဖွားသည်။ ငယ်အမည်မှာ မောင်သိန်းအောင်ဖြစ်သည်။ ငယ်စဉ်ကပင် မိဘ ၂ ပါးစလုံး ကွယ်လွန်သွားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ရွာဦးကျောင်းဆရာတော် ဘိုးလေးတော်သူ ဦးသုန္ဒရထံတွင် ဘုန်းတော်ကြီးကျောင်းပညာရေးကို သင်ယူသည်။ မြန်မာသက္ကရာဇ် ၁၃၁၂ (ခရစ်နှစ် ၁၉၅၁ ခုနှစ်) တွင် စစ်ကိုင်း လေးကျွန်း သာယာချောင် ဆရာတော် ဦးဇောတဝရအား ဥပဇ္ဈာယ်ပြု၍ ဆရာကြီး ဒေါ်ပညာသိင်္ဂီ (သာသနဓဇ သီရိပဝရ ဓမ္မာစရိယ)၏ ပစ္စည်းလေးပါးဖြင့် ရှင်သာမဏေပြုခဲ့သည်။ ကိုရင်ဘဝကပင် အစိုးရ ပထမငယ်တန်း အောင်မြင်သည်။ ၁၉၅၆ ခုနှစ်တွင် အစိုးရ ပထမလတ်တန်း အောင်မြင်သည်။ ၁၉၅၇ ခုနှစ်တွင် အစိုးရ ပထမကြီးတန်း အောင်မြင်သည်။ ၁၉၅၈ ခုနှစ်တွင် ဓမ္မာစရိယစာမေးပွဲ ၁ ကျမ်းအောင်မြင်သည်။ ၁၉၆၂ ခုနှစ်တွင် ဓမ္မာစရိယ ၂ ကျမ်း ထပ်မံအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရသည်။ ငယ်-လတ်-ကြီး အတန်းများကို အကျအရှုံးမရှိ (၁၅ နှစ်သားဘဝ၊ ၁၆ နှစ်သားဘဝ၊ ၁၇ နှစ်သားဘဝ ဖြင့်) အောင်မြင်ခဲ့သည်မှာ ယနေ့ကိုရင်လေးများ စံနမူနာယူစရာ ဖြစ်သည်ဟုဆိုသည်။ ထိုနှစ်တွင်ပင် စစ်ကိုင်းတောင် လေးကျွန်းသာယာချောင်၌ စာပေများပို့ချခဲ့သည်။

၁၉၆၃ ခုနှစ်တွင် မန္တလေးမြို့၌ ဥပုသ်ဇရပ်တရားပွဲ၊ အလှူတရားပွဲများ ဟောကြားသည်။ ၁၉၆၆ ခုနှစ်တွင် မန္တလေးမြို့၊ ဥပုသ် တော်ကုန်းရပ် ဒေါ်သောင်းစိန်၊ ဒေါ်မမတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ မန္တလေး မြတောင်ကျောင်းတိုက် ရွှေဝါဝင်းကျောင်းဆရာတော်နှင့် မန္တလေး ပေါက်မြိုင်ဆရာတော် ဆရာမြတ် ၂ ပါးတို့၏ ကျေးဇူးတော်များမှာလည်း လွန်စွာကြီးမားခဲ့ကြောင်း ဆရာတော်မကြာခဏမိန့်ကြားခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ပခုက္ကူမဟာဝိသုတာ ရာမတိုက်သို့ ရောက်ရှိခဲ့ပြီး တိပိဋကဓရ ဆရာတော် ဦးနေမိန္ဒထံတွင် ပိဋကတ်သုံးပုံ နိကာယ် ငါးရပ်တို့ကို ကျမ်းကြီးပေါက်အောင် သင်ယူခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် မြင်းခြံမြို့ရှိ မဟာစည်ရိပ်သာသို့ ကြွရောက်ပြီး တရားများအားထုတ်ကာ ဓမ္မကထိက တာဝန်ယူခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကိုယ်တိုင် မြင်းခြံမှခေါ်ယူပြီး မဟာစည်ရိပ်သာပူဇော်ပွဲတွင် ဦးနရပတိအား ပလ္လင်ပေါ်တက်ပြီး တရားဟောစေခဲ့သည်။ ၆ လကြာ နယ်လှည့်ဓမ္မကထိက တာဝန်ယူခဲ့သည်။ နောက်တစ်နှစ်တွင် ဖြူးမြို့၊ ပင်စင်လမ်း မဟာစည်ရိပ်သာ၌ ပဓာန နာယက ကမ္မဋ္ဌာနာစရိယအဖြစ် မဟာစည်ဆရာတော်ကြီးမှ အပ်နှင်းတော်မူခဲ့သည်။ ၁၉၇၇ ခုနှစ်မှစ၍ ဖြူးမြို့၊ မဟာစည်ရိပ်သာတွင် သီတင်းသုံးတော်မူခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဩစတေးလျ၊ ဂျပန်၊ အင်္ဂလန်၊ ကနေဒါ၊ အမေရိကန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံများသို့ကြွကာ တရားဟော တရားပြတော်မူခဲ့သည်။ ကျမ်းပြုစုခဲ့သည်မှာ ၁၃ ကျမ်းဖြစ်ပြီး တရားတော် ၁၅၀ ပုဒ်ကို မှတ်တမ်းတင် ပြုစုထားနိုင်ခဲ့သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သွားရောက်ဆေးကုခဲ့သည်။ ထိုင်းနိုင်ငံတွင် နောက်ဆုံးအခေါက် ဆေးကုသရာ၌ တစ်နေ့လျှင် ဘတ် ၁ သိန်း (မြန်မာငွေ ကျပ် သိန်း ၃၀)၊ တစ်လကြာသောကြောင့် ဘတ် သိန်း ၃၀ (မြန်မာငွေ ကျပ် သိန်း ၁,ဝ၀ဝ) ကုန်ကျခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံတွင် ဆေးကုသခံယူရင်း မြန်မာသက္ကရာဇ် ၁၃၇၁ (ခရစ်နှစ် ၂၀ဝ၉ ခုနှစ်) နိုဝင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့ နံနက် ၆:၅၀ မိနစ်၊ သက်တော် ၆၉ နှစ်၊ သိက္ခာတော် ၄၉ ဝါတွင် ဘဝနတ်ထံ စံလွန်တော်မူခဲ့သည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (အငြိမ်းစား) ဦးညွန့်ဆွေ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်သိန်း၊ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ (ရုပ်ရှင်မင်းသား) စသော ပုဂ္ဂိုလ်များ၊ လှူဒါန်းကြသော ကျောင်းဒကာ ကျောင်းအမများ၊ တပည့်ယောဂီများ၊ စေတနာရှင်များကလည်း အဘက်ဘက်မှ ပံ့ပိုးခဲ့ကြသည်။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ မှလည်း ဆရာတော်ကြီး၏ ဆေးကုသစရိတ် ကျပ်သိန်း ၁၀ဝ လှူဒါန်းခဲ့သည်။ သက်တော် ၆၉ နှစ်တွင် ပျံလွန်တော်မူသည်ကို တပည့်သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများက နှမြောတသလွန်စွာဝမ်းနည်းကြေကွဲလျက်ရှိကြသည်။ သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မဟာစည်သာသနာ့ရိပ်သာကြီးရှိ နုဂ္ဂဟအဖွဲ့ကြီးမှ တပည့်များကလည်း လိုအပ်သည်များကို လှူဒါန်းကူညီခဲ့ကြသည်။ ရပ်ဝေးရပ်နီးရှိ တပည့်သာဝကများ၊ ယောဂီများကလည်း လာရောက်ဂါရဝပြုခဲ့ကြသည်။

ဘေးလွတ်ရာသွား အိုလူသား - ဖြူးဆရာတော် ဦးနရပတိ

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

သတင်းစုံ(Myanmar)

သတင်းစုံ(Myanmar)

ရတနသုတ်တော် ရွတ်ဖတ်ပူဇော်ခြင်း | အန္တရာယ်ကင်းစေသော သုံးရတနာ အနုမောဒနာ

ရတနသုတ်တော် ရွတ်ဖတ်ပူဇော်ခြင်း | အန္တရာယ်ကင်းစေသော သုံးရတနာ အနုမောဒနာ

ပရိတ်ကြီး ၁၁သုတ် ပါဠိနှင့် မြန်မာပြန် - အရှင်တေဇောသာရ

ပရိတ်ကြီး ၁၁သုတ် ပါဠိနှင့် မြန်မာပြန် - အရှင်တေဇောသာရ

ရွှေမော်ဓော ဘုရားသမိုင်း - ဘဒ္ဒန္တတေဇောသာရ(ပဲခူး)

ရွှေမော်ဓော ဘုရားသမိုင်း - ဘဒ္ဒန္တတေဇောသာရ(ပဲခူး)

အရက်လေးတစ်ခွက်သောက်ပြီး 😁 မိန်းမဖက်ထားရင်အဖျားပျောက်တယ်တဲ့ 😁 #နေဝင်းမြင့် #စာပေဟောပြောပွဲ

အရက်လေးတစ်ခွက်သောက်ပြီး 😁 မိန်းမဖက်ထားရင်အဖျားပျောက်တယ်တဲ့ 😁 #နေဝင်းမြင့် #စာပေဟောပြောပွဲ

မဟာဒုတ် - ကြာနီကန်ဆရာတော်

မဟာဒုတ် - ကြာနီကန်ဆရာတော်

🙏🙏🙏🙏🙏ညစဉ် အိပ်ခါနီးမှာ တရားမှတ်ပါ - ပါမောက္ခချုပ်ဆရာတော်ဟောကြားသော တရားတော်များ နာယူပါ 23.1.2026

🙏🙏🙏🙏🙏ညစဉ် အိပ်ခါနီးမှာ တရားမှတ်ပါ - ပါမောက္ခချုပ်ဆရာတော်ဟောကြားသော တရားတော်များ နာယူပါ 23.1.2026

"မိဘကျေးဇူး အထူးသိတတ်စေမည့် တရားတော် 🙏 | ပဲခူးဆရာတော်"

နံနက်တိုင်ဖွင့် ပဋ္ဌာန်းပါဠိတော် မေတ္တာသုတ် ၇ ရက်သားသမီးများ မေတ္တာပို့ အန္တရယ်ကင်း တရားတော်များ🙏

နံနက်တိုင်ဖွင့် ပဋ္ဌာန်းပါဠိတော် မေတ္တာသုတ် ၇ ရက်သားသမီးများ မေတ္တာပို့ အန္တရယ်ကင်း တရားတော်များ🙏

ကောသလအိမ်မက် ၁၆ချက် - ဘဒ္ဒန္တတေဇောသာရ(ပဲခူး)

ကောသလအိမ်မက် ၁၆ချက် - ဘဒ္ဒန္တတေဇောသာရ(ပဲခူး)

🌼🌼

🌼🌼" ငါသည်မုချသေရမည် " တရာတော်ကြီး 🙏🙏 / တရားတော်နာယူပီး တရားထူး တရားမြတ်များ ရနိုင်ကျကုန်သော်

ခန္ဓာဆိုတာမြေအိုး ၊ ကုသိုလ်ဆိုတာရွှေအိုး (သစ္စာရွှေစည်ဆရာတော်)#သစ္စာရွေစည်ဆရာတော်2026 #youtube

ခန္ဓာဆိုတာမြေအိုး ၊ ကုသိုလ်ဆိုတာရွှေအိုး (သစ္စာရွှေစည်ဆရာတော်)#သစ္စာရွေစည်ဆရာတော်2026 #youtube

သမီးမိုက် မင်းကတော် - အရှင်အာစာရာ လင်္ကာရ

သမီးမိုက် မင်းကတော် - အရှင်အာစာရာ လင်္ကာရ

သားသမီးယုံ စုံလုံးကန်း တရားတော် - ကြာနီကန်ဆရာတော်

သားသမီးယုံ စုံလုံးကန်း တရားတော် - ကြာနီကန်ဆရာတော်

🌻Live #ပရိတ်ကြီး  #တရားတော်များ #မေတ္တာပို့ပဌာန်းတရားတော် ဓါရဏပရိတ်တော်

🌻Live #ပရိတ်ကြီး #တရားတော်များ #မေတ္တာပို့ပဌာန်းတရားတော် ဓါရဏပရိတ်တော်

ကြာနီကန်ဆရာတော် ဦးဇဋိလ ပဌာန်းပါဠိတော်၊ ဓါရဏပရိတ်

ကြာနီကန်ဆရာတော် ဦးဇဋိလ ပဌာန်းပါဠိတော်၊ ဓါရဏပရိတ်

မိဘထံမှအကြွေးအရင်ပေးဖို့ကြိုးစားပါ - ဘဒ္ဒန္တတေဇောသာရ (ပဲခူး)

မိဘထံမှအကြွေးအရင်ပေးဖို့ကြိုးစားပါ - ဘဒ္ဒန္တတေဇောသာရ (ပဲခူး)

နောင်ပွင့်မည့် အရိမေတ္တေယျ မြတ်စွာဘုရားအကြောင်း  ပဲခူးဆရာတော် #တရားတော်များ

နောင်ပွင့်မည့် အရိမေတ္တေယျ မြတ်စွာဘုရားအကြောင်း ပဲခူးဆရာတော် #တရားတော်များ

သောတာပန်ပုဂ္ဂိုလ်၏ မြင်ပုံ မိုးကုတ်ဆရာတော်ကြီး

သောတာပန်ပုဂ္ဂိုလ်၏ မြင်ပုံ မိုးကုတ်ဆရာတော်ကြီး

သွေးနဲ့ရေးတဲ့သာသနာ တရားတော် (အပိုင်း၁)  ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ

သွေးနဲ့ရေးတဲ့သာသနာ တရားတော် (အပိုင်း၁) ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: infodtube@gmail.com