တပ်ပေါင်စုနဲ့အောင်ပွဲခံနိုင်ဖို့ စိန်ခေါ်ချက်နဲ့အခွင့်အလမ်းတွေ (ရဲဘော်အောင်စံရှား)
Автор: People's Spring
Загружено: 2026-01-01
Просмотров: 9685
အင်အား၊ အရင်းမြစ်တွေမျှဝေပြီး စစ်တပ်ရဲ့ စစ်ရေးဒေါက်တိုင်တွေကို တပေါင်းတစည်းတည်းတိုက်နိုင်ရင် သေချာပေါက်နိုင်မယ် – ရဲဘော်အောင်စံရှား
"တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီရဲ့ အောက်ကနေလွတ်မြောက်ဖို့ဆိုရင်တော့ အညာဒေသတစ်ခုတည်း အားကောင်းပြီးတော့၊ တိုက်ပြီးတော့ နယ်မြေစိုးမိုးနိုင်ရုံတစ်ခုလောက်နဲ့ မပြည့်စုံဘူး။ အဓိကကျတဲ့ တကယ့်နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစတဲ့ တိုင်းစစ်ဌာနတွေ တကယ့် စစ်ကောင်စီရဲ့ စစ်ရေးဒေါက်တိုင်တွေကို ဖြိုနိုင်ဖို့လိုတယ်" လို့ PDF အထူးတိုင်းစစ်ဌာနကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။
မြို့ပြတွေကို စိုးမိုးနိုင်ဖို့၊ မြို့သိမ်းတိုက်ပွဲတွေထပ်ပြီးဖော်ဆောင်နိုင်ဖို့နဲ့ တပ်ပေါင်းစုစည်းပြီးတညီတညွတ်တည်း အာဏာသိမ်းစစ်တပ်ကို တိုက်နိုင်ဖို့ စစ်ရေးအရ စဥ်းစားချက်၊ အကြံပြုချက်၊ အတွေ့အကြုံစတာတွေကို ရဲဘော်အောင်စံရှားက ဆွေးနွေးထားပါတယ်။
"တပ်ပေါင်စုနဲ့အောင်ပွဲခံနိုင်ဖို့ စိန်ခေါ်ချက်နဲ့အခွင့်အလမ်းတွေ" စကားဝိုင်းဆွေးနွေးပွဲကို ရဲဘော်အောင်စံရှား အပါအဝင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ - IEC အတွင်းရေးမှူး (၁) မဇူးပဒုမ္မာနဲ့ ရွှေဘိုခရိုင်တပ်ရင်း ၉၇၀၆ (ဒေါင်းနီတပ်ရင်း) တပ်ရင်းမှူး ဗိုလ်လက်ျာတို့က ပါဝင်ဆွေးနွေးထားတာဖြစ်ပြီးတော့ ရဲဘော်အောင်စံရှားရဲ့ ဆွေးနွေးချက်ကို ထုတ်နှုတ်တင်ဆက်ထားတာဖြစ်ပါတယ်။
"အတွေးအခေါ်လမ်း" စကားဝိုင်းဆွေးနွေးပွဲတွေကို People's Goal နဲ့ People's Spring တို့က ပူးပေါင်းစီစဥ် တင်ဆက်နေတာဖြစ်ပါတယ်။
စကားဝိုင်းဆွေးနွေးပွဲ အပြည့်အစုံကို Comment Box မှာပေးထားတဲ့ Link ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
#အတွေးခေါ်လမ်း #People'sGoal #People'sSpring #တပ်ပေါင်းစု
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: