ကုဋေရှစ်ဆယ် သူဌေးသား လူသတ်*သမား အကြောင်း - Iron Chest Killer Murder Monday
Автор: Story Bears
Загружено: 2023-11-12
Просмотров: 63054
၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bang Khae ရပ်မှာရှိတဲ့ မြေဧက ရှစ်ဧကကျော်ကျယ်တဲ့ ခြံဝင်းကြီးကို ထိုင်းရဲအင်အား ၂၆ ယောက်သုံးပြီး စီးနင်းခဲ့ပါတယ်။ ဒီခြံကြီးထဲမှာ ရှိတဲ့ သရက်ပင်အောက်မှာ အမျိုးသမီးတစ်ယောက်ကို မြေမြှုပ်ထားတယ်ဆိုပြီး သတင်းပေးလာခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒီအလောင်းအပြင် ခြံအတွင်းတခြားနေရာနဲ့ ရေကန်ထဲကနေပြီးတော့ လူ့အရိုးစု အကြွင်းအကျန်တွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ စုစုပေါင်း လူလေးယောက်ဆီက အရိုးတွေ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒီခြံကြီးရဲ့ လက်ရှိပိုင်ရှင်ဖြစ်သူ Apichai Ongwisit ကို ထိုင်းရဲတွေက သူ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီသူဌေးသားဟာ မျိုးရိုးစဉ်ဆက် ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတယ်ဆိုပေမယ့် ကံမကောင်းခဲ့ပါဘူး။ အဖေဖြစ်သူက သူ့အသက်လေးနှစ်အရွယ်မှာ ဒိုင်းညှောင့်နဲ့ ပစ်ခံထိလို့ ကွယ်လွန်ခဲ့ရသလိုပဲ အမေဖြစ်သူကလည်း သူ့ကို ပစ်ထားခဲ့ပြီးတော့ နိုင်ငံခြားကို ထွက်ပြေးသွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း အဒေါ်ဖြစ်သူက ပြုစုပျိုးထောင်လာပေးလို့ ကြီးပြင်းလာခဲ့ရပေမယ့် သူ့ရဲ့ ငယ်ဘဝဟာ ချောမွေ့နေတာတော့ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက အတန်းဖော်တွေရဲ့ အနိုင်ကျင့်မှုကို ကာကွယ်ဖို့အတွက် ကျောင်းကို မယူသင့်တာတွေ ယူသွားခဲ့သလိုပဲ ဒေါသလည်း အင်မတန်ကြီးတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ စပြီးတော့ အဖမ်းခံရပြီး ထောင်ထဲကို ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ Kookik လို့အမည်ရတဲ့ ကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးချစ်ကျွမ်းဝင်ခဲ့ပေမယ့် အချစ်ရေးက ချောမွေ့မနေခဲ့ပါဘူး။ အဓိကက သူ့ရဲ့ စိတ်ကို အနိုင်မထိန်းနိုင်တတ်တဲ့အတွက် အနိုင်ကျင့်နှိပ်စက်တာတွေ ဖြစ်လာတာပါပဲ။ နောက်ဆုံးမှာတော့ လူသ_တ်မှုပေါင်းများစွာနဲ့ စွဲချက်တင် အဖမ်းခံခဲ့ရပါတယ်။
သူ့ကို ထိုင်းလူမျိုးတွေက Aik Heep Lek သံသေတ္တာလူသတ်သမားလို့ နာမည်ပေးထားကြပါတယ်။ သူ့သားကောင်တွေကိုနှိပ်စက်တာတို့ အသက်ဇီဝိန်ခြွေဖို့တို့အတွက် သံသေတ္တာထဲ သော့ပိတ်ပြီး လှောင်ထားတတ်လို့ဖြစ်ပါတယ်။
Our Murder Monday series is inspired by @BaileySarian Murder, Mystery & Makeup Monday series. No copyright infringement is intended. Some pictures are taken from @PPTVHD36 and @AMARINTVHD
All copyright credit goes to respective owners and such. "Bamboo Swing, C9.wav" by InspectorJ (www.jshaw.co.uk) of Freesound.org. A special thanks to True Crime Thailand blog on substack for covering the news in English.
https://truecrimethailand.substack.co...
#StoryBears #StoryBearsMM #murdermonday #myanmar #truecrime #လူသတ်မှု #ဖြစ်ရပ်မှန် #မှုခင်း
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: