တပ်ချုပ် တကယ်အနားယူမှာလား၊ တပ်ချုပ်အသစ် ဘယ်သူဖြစ်မလဲ-BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: 2020-11-28
Просмотров: 2535427
တပ်ချုပ် တကယ်အနားယူမှာလား၊ တပ်ချုပ်အသစ် ဘယ်သူဖြစ်မလဲ
ဒီတစ်ပတ်ထဲ လှုပ်လှုပ်ခတ်ခတ်ရှိတဲ့သတင်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစိုးရသစ်လက်ထက် အငြိမ်းစားယူမယ် ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ အသက် ၆၅ နှစ်ပြည့်မှာဖြစ်ပါတယ်။
၂၀၁၀ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပခဲ့ပြီး အစိုးရသစ်ကိုအာဏာလွှဲပြီးတဲ့နောက် သူကိုယ်တိုင်က အငြိမ်းစားယူခဲ့ပြီး တပ်ချုပ်အသစ်ကို တပ်မတော်မှာ ထိုစဉ်က အသက်အရွယ်ရော ဝါစဉ်အရပါ ဂျူနီယာကျတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
တကယ်လို့ ၂၀၂၁ မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူမယ်ဆိုရင် တပ်ချုပ်အသစ် ဘယ်သူဖြစ်လာနိုင်မလဲ။ ဒါမှမဟုတ် တပ်ချုပ်ရာထူးကို အရင်လို သက်တမ်းတိုးပြီး တာဝန်ဆက်ယူမလား။ အရပ်သားအစိုးရက တပ်ချုပ်အသစ် ခန့်အပ်ခွင့် ရှိပါသလား။ ဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တပ်မတော်ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေက ဘယ်လိုပြဌာန်းထားပါသလဲ။ ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်တွေနဲ့အတူ တစ်ပတ်အတွင်းသတင်းမြင်ကွင်းမှာ ရှင်းလင်းတင်ဆက်ထားပါတယ်။
တင်ဆက်၊မေးမြန်း-အေးသူစံ(ဘီဘီစီမြန်မာပိုင်း)
သုတေသန-နန္ဒ(ဘီဘီစီမြန်မာပိုင်း)
ရိုက်ကူး၊ တည်းဖြတ်-ဖြိုးဟိန်းကျော်(ဘီဘီစီမြန်မာပိုင်း)
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: