“ကြံ့ကြံ့ခံနိုင်စွမ်းကို အားကောင်းစေမယ့် အချက်တစ်ချက်”-ဒေါက်တာဖြိုးသီဟ
Автор: Audio Books Library by Ei Mon
Загружено: 2026-01-08
Просмотров: 55
ဘဝမှာ ကြုံရနိုင်တဲ့ ဒုက္ခတွေကို အကျဉ်းချုပ်ကြည့်လိုက်ပါ။
• အိုခြင်း၊ နာခြင်း၊ သေခြင်း
• ပစ္စည်းဥစ္စာ၊ နာမည်ဂုဏ်သတင်း၊ ငွေကြေး စသဖြင့် ကိုယ်ပိုင်ဆိုင်ထားတာ တစ်ခုခု ဆုံးရှုံးခြင်း
• ချစ်တဲ့သူတွေနဲ့ ရှင်ကွဲ သို့မဟုတ် သေကွဲ ကွဲကွာရခြင်း
ဒီထဲက လွတ်တာ သိပ်မရှိဘူး။ Life is suffering တဲ့။ ဘာလို့ ဘဝက ဆင်းရဲတာလဲဆို ဒုက္ခဖြစ်လို့ ဆင်းရဲတယ်။ မတည်မြဲလို့ ဆင်းရဲတယ်။ အစိုးမရလို့၊ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ရလို့ ဆင်းရဲတယ်။ ဒါကြောင့် လက္ခဏာရေး ၃ ပါး (3 Characteristics of Life) အဖြစ် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့ သတ်မှတ်ထားတယ်။
🔳 ဘဝတစ်ခု ရလာရင် ဖြူရင်ဖြူ၊ မည်းရင်မည်း၊ ချောရင်ချော၊ လှရင်လှ၊ ဗမာလား၊ ရခိုင်လား၊ အင်္ဂလိပ်လား၊ အမျိုးမျိုးကွဲမယ်။ တူနေတာကတော့ ဒီ ၃ ခုပဲ။
ဆင်ဆို နှာမောင်းရှိမယ်။ လူဆို ခြေထောက်နှစ်ဖက် မြေပေါ်ရပ်ပြီး လမ်းလျှောက်မယ်။ ငှက်ဆို အတောင်ပါမယ်။ ဒါ သတ္တဝါတစ်မျိုးစီရဲ့ Individual characteristics.
အားလုံးမှာ တူနေတဲ့ Universal characteristics ကတော့ ဒီ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ပဲ။
ဒါကို နားလည်ထား၊ လက်ခံထားရင် တကယ့်တကယ် ဆိုးရွားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံရတဲ့အခါ သိပ်မတုန်လှုပ်တော့ဘူး။ မြန်မြန်ဆန်ဆန် လက်သင့်ခံနိုင်မယ်။ တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နိုင်လာမယ်။ ပစ္စုပ္ပန် အခိုက်အတန့်တိုင်းကိုလည်း တန်ဖိုးထားတတ်လာပါလိမ့်မယ်...တဲ့။
#Audiokslibrarybyeimon #Eimonoo #ဒေါတတာဖြိုးသီဟ #DrPhioThiha #စိတ်ခွန်အားပေး #စိတ်ခွန်အားဖြည့်စာပေ #myanmaraudiobook #audiobook
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: