နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်
Автор: နေ့စဥ်ခွန်အား - Our Daily Bread Myanmar
Загружено: 2025-12-22
Просмотров: 1612
မျက်နှာသာပေးခြင်း မရှိ
https://myanmar-odb.org/2025/12/23/no...
/ myanmar.odb
/ ourdailybreadmyanmar
ယနေ့ဖတ်ရန်ကျမ်းချက် - ရှင်ယာကုပ်ဩဝါဒစာ ၂:၁-၄၊ ၈-၁၃
https://odb-ministries.org/bible/mm/r...
ထင်ဟပ်ဖော်ပြချက်
မျက်နှာသာပေးခြင်း မရှိ
ရှင်ယာကုပ်က အသင်းတော်၏တစ်လုံးတစ်ဝတည်းဖြစ်မှုနှင့် ညီညွှတ်မှုကို ခြိမ်းခြောက်နေသည့် ဆင်းရဲချမ်းသာ ခွဲခြားမှု အဓိကကျသည့် ပြဿနာတစ်ရပ်ကို ဖော်ပြခဲ့သည်(၂း၁-၁၁၊ ၅း၁-၆)။ ဘုရားသခင်သည် ပစ္စည်းဥစ္စာ ချို့တဲ့နွမ်းပါးသူများအား သူ၏အမွေခံ သားများအဖြစ် ရည်ရွယ်ချက်ဖြင့် ဝိညာဥ်ရေးရာ၌ ကြွယ်ဝစေကြောင်း ထပ်တလဲလဲပြောထားသည်။(၂း၅၊ ရှင်လုကာခရစ်ဝင် ၆း၂၀၊ ကောရိန္သုဩဝါဒစာပထမစောင် ၁း၂၆-၂၉ ကိုလည်း ရှု)။ ထို့ကြောင့် ချမ်းသာကြွယ်ဝသူများကို မျက်နှာသာပေးပြီး၊ ဆင်းရဲသူများကို ခွဲခြားဆက်ဆံခြင်း၊ ခေါင်းပုံဖြတ်ခြင်းသည် ဒုစရိုက်အပြစ်ဖြစ်သည်(ရှင်ယာကုပ်ဩဝါဒစာ ၂း၁-၉)။ ဘုရားသခင် ကောင်းချီးပေးထားသည့် “ဆင်းရဲသောသူကို မထီမဲ့မြင်ပြုခြင်း”(၆)ဟူသည့် ဤဆိုးညစ်သောဒုစရိုက် လုပ်ရပ်များကို ကျူးလွန်သူသည် ဘုရားသခင်၏ သန့်ရှင်းသောနာမတော်ကို ပြစ်မှားကဲ့ရဲ့(၇)ကြသည်။ အသင်းတော်ရှိ ယုံကြည်သူများကို ထိုသို့ ခွဲခြားမှုမရှိဘဲ တစ်ပြေညီဆက်ဆံနိုင်အောင် ရှင်ယာကုပ်က “ကိုယ်နှင့်စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို ”(၈)စောင့်ရှောက်ရန် ညွှန်ကြားခဲ့သည် (ဝတ်ပြုရာကျမ်း ၁၉း၁၈ ကိုလည်းရှု)။ ဤပညတ်သည် သူ့နောက်တော်လိုက်များအတွက် ဒုတိယအကြီးမြတ်ဆုံးသော ပညတ်ဖြစ်ကြောင်း သခင်ယေရှုမိန့်တော်မူသည်(ရှင်မဿဲခရစ်ဝင် ၂၂း၃၉)။ ဘုရားသခင်၏ မစမှုဖြင့် လူသားတိုင်းကို ဘက်လိုက်ခွဲခြားမှုမရှိဘဲ တစ်ပြေးညီချစ်နိုင်ပါသည်။
စာရေးသူ - မိုက်ခ်ဝစ်မာ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: