မြိုင်မှာ ပျက်ကျသွားတဲ့ စက်တပ်လေထီးလာရှာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ
Автор: Connect Burma
Загружено: 2025-11-24
Просмотров: 460
မြိုင်မှာ ပျက်ကျသွားတဲ့ စက်တပ်လေထီးလာရှာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ
Connect Burma | နိုဝင်ဘာ ၂၄
မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်မှာ တော်လှန်ရေးတပ်တွေ ပစ်ချခဲ့လို့ ပျက်ကျသွားတဲ့ စက်တပ်လေထီးကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး ရှာဖွေဖို့ ရောက်လာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ဦးသေဆုံးသွားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၂ရက်နေ့က ပျက်ကျခဲ့တဲ့ စက်တပ်လေထီးကို ရှာဖွေဖို့ ရောက်ရှိလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို MGY PDF၊ YDF၊ မြိုင်မြို့နယ် ပကဖ ၊ ပေါက်မြို့နယ် ပကဖနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၂၀ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်က စစ်သား ၄ဦးသေဆုံးသွားပြီး မတရားပေါ်တာဆွဲ စစ်မှုထမ်းစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း ၃ဦး လက်နက်တွေနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
#ConnectBurma
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: