လူထု အခက်အခဲ၊ တရုတ်ဖိအားတို့ကြောင့် သဘောထားထုတ်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း TNLA ပြော
Автор: Myanmar Now News
Загружено: 26 нояб. 2024 г.
Просмотров: 124 196 просмотров
စစ်ကောင်စီနှင့် ဆွေးနွေးရန် ကမ်းလှမ်းလိုက်ခြင်းမှာ ပြည်သူများ ခက်ခဲ၊ တရုတ်က ဖိအားပေးနေခြင်းကြောင့် ဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (PSLF/ TNLA) က ပြောသည်။
စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေများကို ဆက်တိုက် ဗုံးကြဲ နေသလို တရုတ်အကူအညီဖြင့် ဖိအားပေးရန် ကြိုးပမ်းနေရာ ထိုသို့ဆွေးနွေးရန် သဘောထား ထွက်ပေါ် လာခြင်းဖြစ်သည်။
TNLA ၏ ထုတ်ပြန်ချက်သည် ညီနောင်မဟာမိတ်သုံးဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်တပ်(MNDAA)၊ အာရက္ခ တပ်တော် (AA)တို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ သီးခြားထုတ်ပြန်ချက်ဖြစ်သည်ဟု TNLA ဘက်က ပြောသည်။
တရုတ်နယ်စပ်ကို အားပြုနေရသည့် MNDAA နှင့် TNLA တို့ ဖိအားများခံနေရသော်လည်း မြန်မာပြည်အနောက်ပိုင်း ဘဂ်လားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယတို့နှင့် နယ်နမိတ်ထိစပ်နေသည့် AA ၏ မြို့သိမ်းတိုက်ပွဲများမှာ ဆက်လက်အားကောင်းနေဆဲဖြစ်သည်။
အခြားနှစ်ဖွဲ့နှင့် မတူခြားနားစွာ AA က တရုတ်ဖိအားကို ရှောင်လွှဲနိုင်မည်ဟု ရခိုင် စစ်ရေးနိုင်ငံရေး လေ့လာ သုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ဆိုသည်။
“TNLA, MNDAA တို့က မလွှဲသာလို့ တရုတ်ဖိအားကို လိုက်ပါဆောင်ရွက်ရရင်တောင် AA အတွက်ကတော့ လိုက်နာမယ့်အခြေအနေမရှိပါဘူး။ သူ့ရဲ့ စစ်ရေးနိုင်ငံရေး ရည်မှန်းချက်မပြည့်သမျှ သူ့သဘောကို သူ ဆောင်နေပါလိမ့်မယ် တရုတ်အနေနဲ့ ဖိအားပေးလို့လည်း မထိရောက်နိုင်ပါဘူး” ဦးဖေသန်းက ပြောသည်။
သတင်း၊ တင်ဆက် - မင်းမောင်၊ နိုရာပြည့်၊ မြတ်ကြီး

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: