RSO ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့နဲ့ BBC မေးမြန်းခန်း - BBC NEWS မြန်မာ
Автор: BBC News မြန်မာ
Загружено: 2025-01-18
Просмотров: 991043
RSO ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့နဲ့ BBC မေးမြန်းခန်း - BBC NEWS မြန်မာ
ရခိုင်မြောက်ပိုင်း မောင်တောတိုက်ပွဲမှာ အာရက္ခတပ်တော် အေအေကို သူတို့ တိုက်ခိုက်ခဲ့တယ် ဆိုပြီး ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ RSO က ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ အတည်ပြုပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် လက်နက်၊ ကိုယ်ပိုင် စစ်ဝတ်စုံ တံဆိပ် အမှတ်အသားတွေကို အသုံးပြုလို့ RSO အဖြစ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ မြန်မာ စစ်တပ်ရဲ့ အစိတ်အပိုင်း အနေနဲ့ တိုက်တာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဒီတစ်ပတ် အထူး အစီအစဥ်မှာ ဘင်္ဂလားဒေ့ရှ်ထဲက ဒုက္ခသည် စခန်းတွေထဲ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေ ဘယ်လို ပြုမူကြသလဲ၊ သူတို့ဟာ မြန်မာ စစ်တပ် အတွက် အလုပ်လုပ်ပေးခဲ့လား .. ရိုဟင်ဂျာ ဒုက္ခသည် ထောင်ပေါင်းများစွာကို လူသစ်အဖြစ် စုပြီး ရခိုင်ဘက် ရောက်အောင် ပို့ပေးနိုင်တာ ဘာ့ကြောင့်လဲ ... မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က လက်နက်ကိုင်တွေဟာ နိုင်ငံရပ်ခြားက ဘာသာရေး အခြေခံ အုပ်စုတွေနဲ့ အချိတ်အဆက် ရှိနေလား ... စတဲ့ အရေးကြီးတဲ့ မေးခွန်းတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ RSO ရဲ့ ပြောခွင့်ရ ဦးကိုကိုလင်းကို ဘီဘီစီ သီးသန့်မေးမြန်းထားတာတွေနဲ့ အတူ၊ နိုင်ငံတကာ ပဋိပက္ခတွေ ဖြေရှင်းနိုင်ရေး အတွက် ဘရပ်ဆဲလ်စ်မြို့မှာ ထူထောင် ထားရှိတဲ့ International Crisis Group ICG အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေး ဆိုင်ရာ အကြီးတန်းအကြံပေး သောမတ်စ်ကီးန်ရဲ့ သုံးသပ်ချက်တွေကိုလည်း ကြားကြရဖို့ ရှိပါတယ်။ အခု ဦးကိုကိုလင်းကို စပြီး မေးပါ့မယ်။
ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး စီစဥ်တင်ဆက်ထားတာကို ဇန်နဝါရီလ ၁၈ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့၊ ည ၈ နာရီခွဲအချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့်သွားမှာမို့ စောင့်မျှော်ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: